ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဆန္ဒထုတ်ဖော်နေသည့်ရဲတပ်ဖွဲ့ဝင်များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသန္ဓေရဲတပ်ဖွဲ့ဝင်များမဟုတ်ဘဲ အလုပ်အကိုင်အခွင့်အလမ်းအတွက် ဒေသခံ များအား စုဖွဲ့ခန့်အပ်ထားသူများသာဖြစ်

Wednesday, February 10, 2021 - 10:45

 

 

 

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ မြို့လယ်မီးပွိုင့်အနီး၊ ဆူပူဆန္ဒပြနေ သည့်နေရာသို့ ယနေ့နံနက် ၁၀ နာရီခန့်တွင် ရဲယူနီဖောင်းအပြည့်အစုံ ဝတ်ထားသူ ၂၀ ဦးခန့်သည် မော်တော်ယာဉ် ၂ စီးဖြင့်လာရောက်၍ ဟောပြောနေသည့် ပုံစံများ၊ ဆန္ဒ ဖော်ထုတ် သည့်ပုံစံများဖြင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် ၁၀ နာရီခွဲခန့်တွင် မော်တော်ယာဉ်များဖြင့် မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်းသိရှိ ရသည်။

အဆိုပါ ရဲတပ်ဖွဲ့၏ယူနီဖောင်းဝတ်ဆင်ထားသူများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သန္ဓေ ရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဒေသခံများ၏အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေးအတွက် ဒေသအတွင်း၌သာ တာဝန်ထမ်းဆောင်စေရန် စုဖွဲ့ခန့်အပ်ထားသူများသာဖြစ်ကြောင်း သိရှိ ရသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား မှု မရှိစေရေး လုံခြုံရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နေ့ညမပျက် ဆောင်ရွက်လျက်ရှိပြီး ဆူပူ ဆန္ဒပြမှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်အောင်လုပ်ဆောင်နေမှုများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်နေသည်ဟု အထင်အမြင်လွဲမှားစေရန် ယခုကဲ့သို့ပြုမူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ပါဝင်ပတ်သက်သူများကို လိုအပ်သည့်စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။