ဗိုလ်တထောင်မြို့နယ်၊ (၉)ရပ်ကွက်၊ (၄၈)လမ်း၊ အလယ်ဘလောက်ရှိ ကမေ္ဘာဇဘဏ်ခွဲအား ဓါးပြတိုက်ရာတွင်ပါဝင်သည့် တရားခံများကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ၅ ရက်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Wednesday, October 27, 2021 - 15:30

ဗိုလ်တထောင်မြို့နယ်၊ ()ရပ်ကွက်၊ (၄၈)လမ်း၊ အလယ်ဘလောက်ရှိ ကမေ္ဘာဇဘဏ်ခွဲအား ဓါးပြတိုက်ရာတွင်ပါဝင်သည့် တရားခံများကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ရက်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ အောက်တိုဘာ- ၂၇

                 ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် ၁၂၃၀ နာရီခန့်တွင် ဗိုလ်တထောင် မြို့နယ်၊ ()ရပ်ကွက်၊ (၄၈)လမ်း၊ အလယ်ဘလောက်ရှိ ကမ္ဘောဇဘဏ်ခွဲ၌ FF/6532 Fielder (အဖြူရောင်)ယာဉ်ဖြင့် Mask တပ်ဆင်ထားသည့် ကျား ဦးမှ ဘဏ်လုံခြုံရေး ဝန်ထမ်းအား သေနတ်ဖြင့်ချိန်ရွယ်ကာ ဘဏ်အတွင်းတွင် အသင့်စောင့်နေသော ကျား ဦးနှင့်ပေါင်း၍ ငွေကျပ်သိန်း ,၀၀၀ ကျော်ခန့်နှင့် ဖုန်း လုံးအား ယူဆောင်ပြီး ပြန်လည်ထွက်ခွာသွားသည့် ဘဏ်ဓါးပြတိုက်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

                            ဓါးပြတိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာ အောက်တိုဘာလ ၂၂ ရက် ညနေ နာရီ ၄၀ မိနစ်ခန့်တွင် ဓါးပြတိုက်ရာတွင် အသုံးပြုသည့် FF/6532 Fielder (အဖြူရောင်)ယာဉ်မောင်း ဖြစ်သူ ဝင်းမော်ဦး (၄၃)နှစ်အား ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၁၆-လမ်းထိပ်၌ ကားငှားရမ်းခ ရရှိငွေ သိန်း ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

                 အောက်တိုဘာလ ၂၃ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ ()ရပ်ကွက်၊ အိမ်ကြီး လမ်းနေအိမ်၌ ရဲနိုင်ဦး (၂၉)နှစ်အား နေအိမ်ဧည့်ခန်း မျက်နှာကျက်အပေါ်တွင် သိမ်းဆည်းထားသော ငွေကျပ် ,၆၀၃ သိန်းနှင့်လည်းကောင်း၊ လမ်းမတော်မြို့နယ်၊ ()ရပ်ကွက်ရှိ Amico Del Myanmar Hotel ဟန်ဝင်းထွဋ် (၂၁)နှစ်အား ငွေ ၃၂၅,၀၀၀ ကျပ်နှင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

                 တရားခံ ဟန်ဝင်းထွဋ် ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ တာဝတိံသာလမ်းရှိ Ocean Super Market ဓာတ်လှေကားအပေါ် အဖုံးအတွင်း၌ ငွေကျပ် ၄၀၀ သိန်းခန့်အား လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ ()လမ်း၌ ဒိုပေါက်() အောင်ဟိန်း (၂၅)နှစ်အားလည်းကောင်း၊  ပုဇွန်တောင်မြို့နယ်၊ ()ရပ်ကွက်၊ (၅၇)လမ်းရှိ တရားခံ ဟန်ဝင်းထွဋ်၏ နေအိမ်မှ CZ 75 ပစ္စတို လက်၊ ကျည်အိမ် ခု၊ ကျည် တောင့်နှင့် လက်လုပ်မိုင်း လုံးအားလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်ရှိလှိုင်ထိပ်တင် လက်ဖက်ရည် ဆိုင်၌ သန်းနိုင် (၄၃)နှစ်အား ငွေ ၈၈၀,၀၀၀ ကျပ်နှင့်လည်းကောင်း၊ ညောင်တုန်း မြို့နယ်၊ ကျုံတမာအုပ်စု၊ ဖောင်ရိုးချောင်းကျေးရွာရှိ “ကေခိုင်ဦး” တည်းခိုခန်း၌ အောင်ကိုလတ်() အရှည်ကြီး (၂၆)နှစ် နှင့် ကျော်ကျော်နိုင်()ဆံရှည် (၂၆)နှစ် တို့ ၂ ဦး အား ငွေ ,၉၉၅,၀၀၀ ကျပ်နှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် ၂ စီး တို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

                 တရားခံ ရဲနိုင်ဦး ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၄ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ ()ရပ်ကွက်၊ အိမ်ကြီးလမ်း နေအိမ်၌ ၎င်း၏ မိခင်ဖြစ်သူ တင်တင်မူ()အေးအေးမူ အား ဖမ်းဆီးရမိခဲ့သည်။  

                   တရားခံ တင်တင်မူ()အေးအေးမူ ၏ထွက်ဆိုချက်အရ ဗဟန်းမြို့နယ်၊ အလယ်ရွှေဂုံတိုင်ရပ်ကွက်၊ ရွှေဂုံတိုင်လမ်း၊ Delta Plaza အမှတ်(၀၀၄)နေအိမ်၌ ငွေကျပ် ၄၄၀ သိန်း နှင့် ဗဟန်းမြို့နယ်၊ ရေတာရှည်လမ်းဟောင်း၊ အမှတ်(၁၁၈/ဒီ)ရှိ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးဆိုင်၌ ငွေကျပ်သိန်း ၁၀၀ အား သိမ်းဆည်းရမိခဲ့သည်။

                 တရားခံ ဒိုပေါက်()အောင်ဟိန်း ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၅ ရက်တွင် ဗိုလ်တစ်ထောင်မြို့နယ်၊ မဟာဗန္ဓုလလမ်း၌ ဝဏ္ဏအောင်(၁၈)နှစ်အား  ဖမ်းဆီးရမိခဲ့ပြီး ဝဏ္ဏအောင် ထွက်ဆိုချက်အရ ၎င်းနေထိုင်သည့် ဒေါပုံမြို့နယ်၊ ယမုံနာ()ရပ်ကွက်၊ အောင်မေတ္တာကမ်းနားလမ်း၊ အိမ်အမှတ် (၃၃၆)မှ လက်လုပ်ဗုံး လုံးသိမ်းဆည်းရမိခဲ့ပါသည်။

                 ထို့ပြင် တရားခံ အောင်ကိုလတ်()အရှည်ကြီး နေထိုင်သည့် ရွှေပြည်သာ မြို့နယ်၊ () ရပ်ကွက်၊ ပန်းခြံ() ရတနာသိင်္ဂါပတ်လမ်း၊ အမှတ်(၁၇၅/) ငွေကျပ် ၇၅ သိန်းနှင့် ကျော်ကျော်နိုင် နေထိုင်သည့် ရွှေပြည်သာမြို့နယ်၊ () ရပ်ကွက်၊ မဟာမြိုင်လမ်း၊ အမှတ်(၂၇၂/)  ငွေကျပ် ၃၅ သိန်းတို့အား သိမ်းဆည်း ရမိခဲ့သည်။

                 တရားခံ ကျော်ကျော်နိုင်(ခ) ဆံရှည် ၏ ထွက်ဆိုချက်အရ အောက်တို ဘာလ ၂၆ ရက်တွင် ရွှေပြည်သာမြို့နယ်၊(၂၀)ရပ်ကွက်၊ မကွေး ၆ လမ်း၊ အိမ်အမှတ် ၈၂ ၌ အာကာမင်း (၂၃)နှစ်အား ငွေကျပ် ၁၁ သိန်းဖြင့် ဖမ်းဆီးရမိခဲ့သည်။

                 တရားခံ ဟန်ဝင်းထွဋ် ၏ထွက်ဆိုချက်အရ အောက်တိုဘာလ ၂၇ ရက်တွင် လသာမြို့နယ်၊ ၂၃ လမ်း၌ နေဆန်း(ခ)နေသူရိန်ထက် (၃၂)နှစ်အား ငွေကျပ်သိန်း ၁၀၀ ဖြင့်လည်းကောင်း၊ ကိုဖြိုး(ခ)အေးချမ်းဖြိုး (၁၉)နှစ် အား ကော့မှူးမြို့နယ် “တို့လယ်တော” စားသောက်ဆိုင်၌ ငွေကျပ် ၁၆ သိန်းဖြင့်လည်းကောင်း  ဖမ်းဆီး ရမိခဲ့သည်။

                 လက်နက်/ခဲယမ်းရရှိမှုအနေဖြင့် တရားခံ ဟန်ဝင်းထွဋ် သည် အွန်းလိုင်းမှ တစ်ဆင့် ရင်းနှီးသူ ဖမ်းဆီးရန်ကျန် ရေခဲ(STF အဖွဲ့ဝင်) အား ချိတ်ဆက်၍ အောက်တိုဘာလ ရက်တွင် CZ-75 ပစ္စတို လက်၊ ကျည်အိမ် ခု၊ ကျည် ၂၅ တောင့်တို့အား ရွှေပြည်သာမြို့နယ်ရှိ အပြစ်မဲ့ပြည်သူ ဦးအား လုပ်ကြံသတ်ဖြတ်ရန် ငှားရမ်းခဲ့ကြောင်း သိရှိရသည်။

                 ၎င်းသေနတ်အား တရားခံ ဒိုပေါက်()အောင်ဟိန်းမှ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏလမ်း၊ ကားဂိတ်မှတ်တိုင်၌ သွားရောက်ယူဆောင်၍ ၎င်း၏ နေအိမ်၌ သိမ်းဆည်းထားပြီး ဘဏ်ဓါးပြတိုက်မည့်နေ့တွင် ကျော်ကျော်နိုင်()ဆံရှည် အား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

                 ဘဏ်ဓါးပြတိုက်ရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အောက်တိုဘာလ ၂၀ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ လမ်း၊ ထပ်တိုက်၊ ဒုတိယထပ်၊ ဝဲဘက်အခန်းတွင် လည်းကောင်း၊ အောက်တိုဘာလ ၂၁ ရက်တွင် ဒေါပုံမြို့နယ်၊ ဗန္ဓုလလမ်းရှိ ပြင်ဆင်ဆဲ Ocean ကုန်တိုက် ၁၂ လွှာတွင် လည်းကောင်း တွေ့ဆုံခဲ့ပြီး သန်းနိုင် မှ တက္ကစီ ယာဉ်မောင်းအား ပြန်ပေးဆွဲထားရန်နှင့် ဟန်ဝင်းထွဋ် မှ ဘဏ်အတွင်း ဦးစွာဝင်ရောက်၍ အခြေအနေကြည့်ရန်၊ ဒိုပေါက်()အောင်ဟိန်းမှ ဝင်/ထွက် တံခါးအဖွင့်/အပိတ် ဆောင်ရွက်ရန်၊ ကျော်ကျော်နိုင် ()ဆံရှည် မှ ဝန်ထမ်းများ၏ ဖုန်းသိမ်းဆည်းရန်၊ အောင်ကိုလတ်()အရှည်ကြီး မှ သေနတ်ဖြင့် ခြိမ်းခြောက်ရန်၊ နေဆန်း()နေသူရိန်ထက် မှ တက္ကစီယာဉ်အား မောင်းနှင်ပို့ဆောင် ရန်နှင့် ရဲနိုင်ဦး မှ ၃၈ လမ်းတွင် လာရောက်ကြိုရန်နှင့် လုံခြုံရေးအဖွဲ့ဝင် များအား အာရုံလွှဲရန် ဝဏ္ဏအောင် အား ပုဇွန်တောင်မြို့နယ်ရဲစခန်းနှင့် နီးသော မီးပွိုင့် ခုအား ဖောက်ခွဲရန် စေခိုင်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 တရားခံများသည် အောက်တိုဘာလ ၂၂ ရက် ၁၂၀၀ နာရီတွင် ပြန်ပေးဆွဲ ထားသည့် တက္ကစီယာဉ်ဖြင့် Ocean ကုန်တိုက်မှ ထွက်ခွာခဲ့ရာ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်းရှိ ကမ္ဘောဇဘဏ်သို့ ရောက်ရှိခဲ့ပြီး ဟန်ဝင်းထွဋ် မှာ ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ၁၂ နာရီ ၃၅ မိနစ်ခန့်တွင် အောင်ကိုလတ်()အရှည်ကြီး ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း သိရှိရသည်။

                 ၎င်းနောက် တရားခံ ဒိုပေါက်()အောင်ဟိန်း၊  ကျော်ကျော်နိုင်()ဆံရှည် အောင်ကိုလတ်()အရှည်ကြီး နှင့် ကိုဖြိုး()အေးချမ်းဖြိုး တို့ ဦးသည် ဘဏ်အတွင်း သို့ ဝင်ရောက်၍ ဓါးပြတိုက်ကာ ငွေစက္ကူများ ထည့်ထားသည့် ခရီးဆောင် ကျောပိုး အိတ် လုံး၊ ဆာလာအိတ် လုံး တို့အား ယူဆောင်၍ ဘဏ်မှ ၄၈ လမ်း၊ ကမ်းနားလမ်း အတိုင်း နေဆန်း()နေသူရိန်ထက် မောင်းနှင်သော FF 6532 FIELDER (အဖြူရောင်) ယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး ၎င်းယာဉ်အား ၃၈ လမ်းတွင် ထားခဲ့ကာ တရားခံများသည် ငွေများအား အသင့်စောင့်ဆိုင်းနေသော ရဲနိုင်ဦး မောင်းနှင်သည့် YGN 1F/4068 Caldina (အဖြူရောင်)ယာဉ်ဖြင့် ရွေ့ပြောင်းတင်ဆောင်ခဲ့ပြီး Ocean Center သို့ သွားရောက်ခဲ့ ကြောင်း သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများအနေဖြင့် ဓါးပြတိုက်ရာတွင် ရရှိသောငွေများအား Ocean Center ရှိ ဓာတ်လှေခါး၏ မျက်နှာကျက်ပေါ်တွင် သိန်း ၄၀၀ ကျပ်ထားရှိပြီး ရဲနိုင်ဦး မိခင် တင်တင်မူ()အေးအေးမူ ထံတွင် ငွေကျပ် ,၁၄၃ သိန်းအား အပ်နှံကာ ကျန်ငွေများအား အသီးသီး ခွဲဝေယူခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများအနက် ဟန်ဝင်းထွဋ် နှင့် ဒိုပေါက်()အောင်ဟိန်း တို့သည် မြဝတီမြို့အနီး KNLA တပ်မဟာ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း အား ဧပြီလတွင် တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများမှ ပုဇွန်တောင်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များအတွင်း အကြမ်းဖက်ဆောင်ရွက်မှုအနေဖြင့်-

                 တရားခံ ဒိုပေါက် ()အောင်ဟိန်း သည် ကျော်ကျော်နိုင် ထံမှ ငွေ ၁၅၀၀၀ ကျပ် ရယူ၍ ဇူလိုင်လ ၁၂ ရက်တွင် ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းရှိ ()ရပ်ကွက်၊ ရစဖရုံးရှေ့တွင် လက်လုပ်ဗုံး လုံး အား ဖောက်ခွဲခဲ့ကြောင်း။

                 တရားခံ ဒိုပေါက် ()အောင်ဟိန်း သည် ကျော်ကျော်နိုင် ထံမှ ငွေ သောင်းကျပ် ရယူ၍ ဩဂုတ်လ ၁၁ ရက်တွင် ရွှေပြည်သာမြို့နယ်၊ ()ရပ်ကွက်၊ ရုပ်ရှင်ရုံ အနောက်ဘက်လမ်း အုတ်တံတိုင်း အနီးတွင် လက်လုပ်ဗုံး လုံးအား ဖောက်ခွဲခဲ့ကြောင်း။

                 တရားခံ ဒိုပေါက် ()အောင်ဟိန်း သည် ကျော်ကျော်နိုင် ထံမှ ငွေ ၃၀၀၀၀ ကျပ် ရယူ၍ ဩဂုတ်လ ၂၅ ရက်တွင် လှိုင်သာယာမြို့နယ်၊ (၁၈)ရပ်ကွက်၊ ရစဖရုံးနှင့် လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေး မှတ်တိုင်ရှေ့ ကားလမ်းမ ပေါ်တွင် လက်လုပ်ဗုံး လုံးစီအား ဖောက်ခွဲခဲ့ကြောင်း။

                 တရားခံ အောင်ကိုလတ် သည် ဩဂုတ်လ ၁၇ ရက်တွင် ရွှေပြည်သာ မြို့နယ်၊ ၃ထပ်၊ သံလမ်းဘေး၊ သောက်ရေကန်အနီး အမှိုက်ပုံးတွင် လက်လုပ်မိုင်း လုံး ဖောက်ခွဲခဲ့ကြောင်း။

                 တရားခံများ၏ ထွက်ဆိုချက်အရ ဓါးပြတိုက်ရာတွင် ရရှိသော ငွေကြေး များအနက် တစ်ဝက်ခန့်အား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG နှင့် ချိတ်ဆက်ပြီး လက်နက်/ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ဝယ်ယူကာ ရန်ကုန်မြို့တွင်းရှိ PDF အဖွဲ့များအား အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် ထောက်ပံ့ပေးသွားရန်နှင့် ကျန်တစ်ဝက်အား ကိုယ်ကျိုးအတွက် ခွဲဝေ သုံးစွဲရန်ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

          ဘဏ်ဓါးပြတိုက်မှုဖြစ်စဉ်တွင် တရားခံ ကျား ၁၁  ဦး ဦး ပေါင်း  ၁၂  ဦး၊ ဓါးပြတိုက်ရာတွင် အသုံပြုသည့်  CZ 75 D အမျိုးအစား ပစ္စတို လက်၊ ကျည်အိမ် ခု၊ ကျည် တောင့်၊ လက်လုပ်မိုင်း လုံး၊ မော်တော်ယာဉ် စီး၊ လိုင်စင်မဲ့မော်တော် ဆိုင်ကယ် စီးနှင့်အတူ ဓါးပြတိုက်ယူဆောင်သွားခဲ့သော ငွေကျပ် ,၈၁၄ သိန်းအား  ပြန်လည်သိမ်းဆည်းရမိခဲ့သည်။  

                 ယခုကဲ့သို့ ဘဏ်ဓါးပြတိုက်မှုအား အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ စည်းစည်းလုံးလုံး ဖြင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်။

                 အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်း ကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများ အား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင် ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေ များ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေး အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။