ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Coronavirus Disease 2019 (COVID-19)
ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီမှ
အသိပေးကြေညာချက်
၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက်
(၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်)
ယခုအခါ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်၊ ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်ကွပ်ကဲမှု၊ ပြည်သူလူထုမှ စနစ်တကျ စည်းကမ်းလိုက်နာ၍ ဌာနဆိုင်ရာအသီးသီးမှ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေး အသင်းအဖွဲ့အစည်းများမှ တက်ကြွစွာပံ့ပိုး ဆောင်ရွက်မှုများကြောင့် ရောဂါပိုးတွေ့ ရှိရမှုနှုန်းမှာ ကျဆင်းလာကြောင်း တွေ့ရှိရသော်လည်း ရောဂါပိုးတွေ့ရှိရမှုနှုန်း ပိုမိုကျဆင်း လာစေရန်၊ ရောဂါကူးစက်မှုကွင်းဆက်အား ဖြတ်တောက်နိုင်စေရန်နှင့် ရောဂါထိန်းချုပ်ခြင်း လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန် လိုအပ်သည့်အပြင် စာသင်ကျောင်းများ ပြန်လည်ဖွင့် လှစ်နိုင်ရေးအတွက် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိခြင်း၊ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင် ဆင်မှုလုပ်ငန်းများ ဆောင် ရွက်ရန် လိုအပ်ခြင်းတို့ကြောင့် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ အပါအဝင်) အား ၂၅-၁၀-၂၀၂၁ ရက်နေ့မှ ၃၁-၁၀-၂၀၂၁ ရက်နေ့အထိ ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိ ပေးကြေညာအပ်ပါသည်။