တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး (၄)သန်း ပဥ္စမ အသုတ် ရောက်ရှိ နေပြည်တော်၊ အောက်တိုဘာ - ၂၂

Friday, October 22, 2021 - 15:45

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဝယ်ယူသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး (၄)သန်း ပဥ္စမ အသုတ် ရောက်ရှိ

နေပြည်တော်၊ အောက်တိုဘာ - ၂၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဘေဂျင်းမြို့ Sinopharm ကုမ္ပဏီမှဝယ်ယူသော Sinopharm (BIBP) ကိုဗစ်-၁၉ ကာကွယ်ဆေး(၄) သန်း (5 doses per Vial ထုတ်ပိုးမှုပုံစံ) ဆေးအလုံး ရေ(၈) သိန်းတင်ဆောင်လာသော Air China လေကြောင်းလိုင်း A 332 အမျိုးအစား လေကြောင်းပျံ သန်းအမှတ် CA 589 လေယာဉ်သည်တရုတ်နိုင်ငံ ပေကျင်းမြို့မှ ယနေ့ ညနေ ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပဥ္စမအသုတ်အဖြစ် ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါတရုတ်လေကြောင်းလိုင်း Air China လေယာဉ်ဖြင့်  ရောကျရှိလာသော Sinopharm ကိုဗစ်- ၁၉ ကာကွယ်ဆေးများအား ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီး ဌာနဒုတိယညွှန်ကြားရေးမှုးချုပ်ဒေါက်တာထွန်းမင်းနှင့် တာဝန်ရှိ သူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လက်ခံရယူကွသညျ။

      ထိုသို့ရောက်ရှိလာသောဆေးများသည် မြန်မာနိုင်ငံမှ မှာယူထားသော ကိုဗစ်-၁၉ ကာကွယ် ဆေး (၂၄)သန်းအနက် ပဥ္စမ အသုတ်အဖြစ် ကာကွယ်ဆေး(၄)သန်း (5 doses per Vial ထုတ်ပိုး မှုပုံစံ)ဆေးအလုံးရေ(၈) သိန်း ဆေးပုံးအရေအတွက် (၄၁)ပုံး အလေးချိန်kg -16236 ရောက်ရှိလာခြင်းဖြစ်ပွီး ထိုသို့ရောက်ရှိလာသော ကာကွယ်ဆေးများတွင် ပထမအသုတ်(၄)သန်း သည် စက်တင်ဘာ ၁၂ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအသုတ်(၄)  သန်းသည် စက်တင်ဘာ ၂၆ ရက်နေ့တွင်လည်းကောင်း၊ တတိယအသုတ် (၄)သန်းသည် အောက်တိုဘာ ၂ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထ အသုတ်ကို ၁၅ နေ့တွင်လည်းကောင်း ရောက်ရှိခဲ့ပြီးဖြစ်ရာ ယခုပဥ္စမ အသုတ်အပါအဝင် ကာကွယ်ဆေးစုစုပေါင်း (၂၀) သန်း ရောက်ရှိပြီးဖြစ်ကြောင်း သတင်းရရှိ သည်။