ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို နေပြည်တော်၊ အောက်တိုဘာ - ၂၀

Wednesday, October 20, 2021 - 14:30

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ လာရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ အောက်တိုဘာ - ၂၀

          ယနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့ဖြစ်သည်နှင့်အညီ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်း သာစွာ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

          ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံ စေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး၊ ကုသိုလ် တော်ဘုရား၊ မန္တလေးတောင်တော်တို့၌လည်းကောင်း၊ ပြင်ဦးလွင်မြို့၊ မဟာအံထူး ကန်သာဆုတောင်းပြည့်ဘုရားကြီး၊ ကျောက်ဆည်မြို့ရှိ မဟာရွှေသိမ်တော်ဘုရား၊ ပုဂံရှေ့ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိဘုရားများနှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ မြသလွန်ဘုရားတို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ သမိုင်းဝင်ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီး၊ ဇလွန်မြို့ရှိ မာရ်အောင်မြင် ပြည်တော် ပြန်ဘုရားကြီးနှင့် ဟိုင်းကြီးကျွန်းမြို့ရှိ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင် စေတီတော်မြတ်ကြီးတို့၌လည်းကောင်း သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင် များ၊ မိဘပြည်သူများက ကိုဗစ်- ၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော် ကြည်ညို ကုသိုလ်ယူခဲ့ကြသည်။

          ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေများ၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဉယျာဉ်နှင့် ပိတ်ချင်းမြောင်မဟာနန္ဒာ လှိုဏ်ဂူတော်ကြီးတို့၌ လည်းကောင်း လာရောက် အပန်းဖြေအနားယူနေသော ပြည်သူများဖြင့် စည်ကား လျက်ရှိကြောင်း သတင်းရရှိသည်။