တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေရသူများနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်စေလွှတ်
နေပြည်တော်၊ အောက်တိုဘာ - ၁၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူများနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများတို့ကို အောက်တိုဘာ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၈၆/၂၀၂၁ နှင့် ၁၈၇/၂၀၂၁ တို့ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ကိုက်ညီသည့်အကျဉ်းသား၊ အကျဉ်းသူများနှင့် တရားစွဲဆိုခြင်းခံ နေရသူများကို ပြန်လည်စေလွှတ်လျက်ရှိရာ ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှ အကျဉ်းကျခံနေကြသော အကျဉ်းသား၊ အကျဉ်းသူ များနှင့် တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများကို နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ် ပေးခဲ့သည်။