Sunday, October 17, 2021 - 02:30
နေပြည်တော်၊ အောက်တိုဘာ - ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ သစ်တစ်ပင်တောင်အပန်းဖြေစခန်းနှင့် နောင်လုံကန်ပတ်လမ်းတည်ဆောက်နေမှုအား ယနေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူ များ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။