နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

Monday, October 11, 2021 - 10:30

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် အောက်တိုဘာ ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး များနှင့် တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကား ပြောကြား သည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ပြည် ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးခင်ရီ၊ ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ဆူပူဆန္ဒပြဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ချိန်၌ ရန်ကုန်မြို့တွင်လည်း ဖြစ်စဉ်များရှိခဲ့ကြောင်း၊ မိမိတို့အနေနှင့် ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်နေရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီတာဝန်ယူ ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများရွေးချယ်ခဲ့သည့် ဒီမိုကရေစီစနစ်ရှင်သန်ခိုင်မာအောင် ရပ်တည်ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် Free and Fair မဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီ၏အသက်မှာ ရွေးကောက်ပွဲ Free and Fair ဖြစ်ရေးပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပေါ်ခဲ့သည့်အပေါ် ဥပဒေနှင့်အညီဖြေရှင်း နိုင်သော် လည်း ပါတီထောက်ခံသူများအနေဖြင့် အကြမ်းဖက်မှုလမ်းကြောင်းကို ရွေးချယ်ခဲ့မှု ကြောင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ခဲ့ကြောင်း၊ လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ အချို့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ရွေးကောက်ပွဲ မသမာမှုနှင့် ရွေးကောက်ပွဲပြီးရလဒ် နှင့်ဆက်နွယ် ဖြစ်ပေါ်လာသော လုပ်ရပ်များတွင် ပါဝင်ပတ်သက် ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဥပဒေနှင့်အညီငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နိုင်သော်လည်း အကြမ်း ဖက်မှုများမှာ မဖြစ်သင့်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့မှဆောင်ရွက် လျက်ရှိပြီး တပ်မတော်ကကူညီဆောင်ရွက်၍ ဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော်အချို့သော ဖြစ်စဉ်များတွင် နှစ်ဖက် ပေးဆပ်ရမှုများရှိကြောင်း၊ အဓိကအားဖြင့် နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး သည် အရေးကြီး သဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုကြောင်း၊ အကြမ်းဖက် လုပ်ရပ်များ ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများရှိခဲ့ပြီး ထပ်မံ မဖြစ်ပေါ်စေရေး ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် နည်းလမ်း ရှာဖွေ ဆောင်ရွက်ရန်လိုကြောင်း။

ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်၍ ယခင်ကထက် တိုးတက်မှုများ ရှိသော်လည်း လိုအပ်ချက်များရှိနေသေးသဖြင့် စနစ်တကျထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ တရားမဝင်မော်တော်ယာဉ်များ သုံးစွဲနေမှုအား ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာနိုင်ရန်အတွက် လမ်းအင်္ဂါရပ်နှင့်ကိုက်ညီသည့် လမ်းနှင့်လမ်းညွှန် အမှတ်အသားများ၊ လူကူးမျဉ်းကြား များ စနစ်တကျ ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေသူ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ထမ်းဆောင်ရာတွင် သတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျ‌ ဆောင်ရွက်ခြင်းဖြင့် ယာဉ်စည်းကမ်းနှင့်ပတ်သက် ၍ ထိန်းသိမ်းဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း။

မြို့သာယာလှပရေးနှင့်ပတ်သက်၍ မြို့တော်စည်ပင်သာယာရေးနယ်နိမိတ် အတွင်း အမှိုက်သရိုက်များစွန့်ပစ်မှုကို စနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် လိုကြောင်း၊ အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိခြင်းကြောင့် မြို့သာယာလှပမှုကို ထိခိုက်စေနိုင်သည်မက ချောင်းမြောင်းများ ပိတ်ဆို့ခြင်းကြောင့် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေကြောင်း၊ ယခုနှစ်တွင် ချောင်းမြောင်းပိတ်ဆို့ခြင်းကို ဖယ်ခြားနိုင်ခြင်း ကြောင့် ရေကြီးရေလျှံမှုကို တတ်နိုင်သမျှလျှော့ချနိုင်ခဲ့ကြောင်း၊ အမှိုက်များရှင်းလင်း ရာတွင် မီးရှို့သည့်စနစ်နှင့် စွန့်ပစ်သည့်စနစ် နှစ်မျိုးဆောင်ရွက်နိုင်ပြီး မီးရှို့သည့်စနစ် ကိုဆောင်ရွက်ခြင်းဖြင့် ငွေကုန်ကြေးကျရှိသော်လည်း မြို့သာယာလှပမှုကိုဖြစ်စေ ကြောင်း၊ ပလက်ဖောင်းလမ်းများ ဆောက်လုပ်ရာတွင် လူများလွတ်လွတ်လပ်လပ် သွားလာနိုင်စေရေး စနစ်တကျဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ပလက်ဖောင်းများ ပေါ်၌ ဈေးများရောင်းချမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ယာဉ်များ သွားလာမှု လွယ်ကူစေရေး ဆောင်ရွက်နိုင်ခြင်းဖြင့် မြို့သာယာလှပမှုကိုအထောက် အကူပြုစေကြောင်း၊ ဈေးဝယ်ကြော်ငြာဆိုင်းဘုတ်များအား သတ်မှတ်သည့် နေရာ များ၌သာ ကြော်ငြာရေးကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ရရှိသည့်ရေများအားလုံး သန့်ရှင်းရန် လိုအပ်သဖြင့် အလေးထား ဆောင်ရွက်ရန်လိုကြောင်း၊

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်သူများအားလုံးသည် နေထိုင်သွားလာမှု အဆင်ပြေသည့်အတွက် ရန်ကုန်မြို့အတွင်း နေထိုင်သူများအားလုံး နိုင်ငံသား မှတ်ပုံတင်ကတ်များ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ စားသောက်ရေးအဆင်ပြေအောင်ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကို ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ စားသောက်ရေးဖူလုံမှုကို ဆောင်ရွက်၍ ၎င်းမှတဆင့် အရည်အသွေးကောင်းမွန်သော စားသောက်ကုန် ထုတ်လုပ်နိုင်သည့်အဆင့်ကို ဆက်လက်ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်သည့် စားသောက်ကုန်များအားလုံး အရည်အသွေးကောင်းမွန် စွာနှင့် ဈေးနှုန်းသက်သာစွာ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှဝယ်ယူစားသုံးမှုကို လျှော့ချနိုင်ကြောင်း၊ စားသောက်ကုန်သီးနှံများအား ရာသီချိန်အလိုက် ထုတ်လုပ်၍ အထွက်နှုန်းများကောင်းမွန်ပြီး ပြည့်ဝစွာရရှိအောင် ဆောင်ရွက်နိုင်ရေး လူတစ်ဦးချင်း အခြေခံလိုအပ်ချက်ကို တွက်ချက်ကာ တိုင်းဒေသကြီးတစ်ခုလုံးဖူလုံအောင် စီမံ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အခြားနိုင်ငံများ၏ ဖွံဖြိုးတိုးတက်မှုများကို နမူနာယူ၍ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ကြရန်လို ကြောင်း၊ ရန်ကုန်မြို့အတွင်း နေထိုင်စားသောက်ရေးအတွက် မိရိုးဖလာ သမားရိုးကျ ဖြင့် ကျေနပ်နေ၍မရဘဲ နည်းပညာအထောက်အကူရယူ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် လူမှုစီးပွားဘဝပြည့်စုံကာ  လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကိုပါ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တာဝန်ရှိသူများအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစား၍ ရန်ကုန်တိုင်းဒေသကြီး တိုးတက်ရေး အလေးထား စီမံဆောင်ရွက်ကြရန် လိုကြောင်း မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက တိုင်းဒေသကြီးအတွင်း အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့်အခြေအနေများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထု၏ လုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်ခြင်းများကို နေ့ညမပြတ်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေ များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာ မှုရှိစေရေး ဆောင်ရွက်လျက်ရှိပြီး စည်းကမ်းမလိုက်နာသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိမှု အခြေ အနေများ၊ တိုင်းဒေသကြီးအတွင်း ဝမ်းစာဖူလုံရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များနှင့် ချိတ်ဆက်ဆောင်ရွက်၍ သီးနှံများ အထွက်တိုးရေး ဆောင်ရွက်နေမှုအခြေ အနေများနှင့် အခြားစီးပွားရေးလုပ်ငန်းများ တိုးတက်စေရေး ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့တော်အတွင်း ရေကြီး ရေလျှံမှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေ အနေများ၊ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများအပြင် ပြည်သူလူထု ပူးပေါင်းပါဝင်လာစေရေးနှင့် အမှိုက်သိမ်းမှု၊ သယ်ယူပို့ဆောင်မှု၊ စွန့်ပစ်မှုများ စနစ်ကျနမှုရှိစေရေး လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ ယာဉ်ကြော ပိတ်ဆို့မှု၊ လမ်းပိတ်ဆို့မှုများကို အဓိကဖြစ်ပေါ်စေသည့် စည်းကမ်းမဲ့ ဈေးရောင်းချမှုများ မရှိ စေရေး၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေ  အနေများ၊ မြို့တော်ရေပေးဝေမှု သန့်ရှင်းမှုရှိစေရေးနှင့်ပတ်သက်၍ အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ရေပေးဝေမှုတွင် ရေသန့်စင်သည့်စနစ်များကိုပါ ထည့်သွင်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူလူထု၏ သက်သာ ချောင်ချိရေး၊ စားရေးတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်း များ ရရှိရေး ဆောင်ရွက်နေသည့် အခြေအနေများ၊ တိုင်းဒေသကြီးအတွင်း တရား ဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ လျော့နည်းပပျောက်ရေး၊ မှုခင်းဖြစ်စဉ်များ လျော့နည်းကျဆင်းရေး၊ သတင်းအချက်အလက်များ မှန်ကန်မြန်ဆန် မှုရှိစေရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အသက်အရွယ်အလိုက် နိုင်ငံ သား စိစစ်ရေးကတ်ပြုလုပ်ရန်လိုအပ်သူများအား မှတ်ပုံတင်ကတ်ပြားများ သတ်မှတ် ကာလအတွင်း ရရှိနိုင်ရေး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် ပြည်သူ့ လုံခြုံရေးဆောင်ရွက် ရန်အတွက် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် ပြည်သူနှင့် ကောင်းမွန် သောဆက်ဆံရေးရှိရန်လိုကြောင်း၊ လုံခြုံရေးအား တိုက်ရိုက်တာဝန်ယူရသည့်လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပေါ့ပေါ့ဆဆဆောင်ရွက်ခြင်း မရှိအောင် တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ရန်လိုပြီး သတိဖြင့်တာဝန်ထမ်းဆောင်ရန် လိုကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းလျှော့ချမှုနှင့်ပတ်သက်၍ ရန်ကုန်မြို့သည် လူနေမှုသိပ်သည်းသည့်နေရာ ဖြစ်သော်လည်း ပြည်သူ၏ ပူးပေါင်းပါဝင်မှုကြောင့် ကူးစက်မှုနှုန်းကျဆင်းလာပြီဖြစ် ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်သည့်မြို့အဖြစ်ဆောင်ရွက်၍ စံနမူနာအဖြစ် ဆောင်ရွက်စေချင်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့်လည်း ရန်ကုန်မြို့ အတွင်း ကာကွယ်ဆေးများ အပြည့်အဝထိုးနှံနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရေသုံးစွဲရာတွင်လည်း စနစ်တကျဖြင့် အလေအလွင့်မရှိအောင် ချွေတာသုံးစွဲ၍ အကျိုးရှိအောင်အသုံးချကြရန်လိုကြောင်း၊ မိမိတို့နှင့် အခြေခံသဘောသဘာဝတူညီပြီး အောင်မြင်ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများ၏လုပ်ဆောင်မှုကို အတုယူ၍ နိုင်ငံဖွံ့ဖြိုး ရေးကို ဆောင်ရွက်ကြရန်လိုကြောင်း၊ မြို့ကွက်စီမံကိန်းများဆောင်ရွက်ရာတွင်လည်း ၄ ထပ်မှ ၅ ထပ်ခန့်ရှိ သင့်လျော်သော အထပ်မြင့်အဆောက်အဦများ ဆောင်ရွက် နိုင်ခြင်းဖြင့် လျှပ်စစ်၊ လမ်း စသော အခြေခံအဆောက်အဦများအတွက် ကုန်ကျ စရိတ် သက်သာစွာ မြေပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ အလားတူ မီးအန္တရာယ် နှင့် ရာဇဝတ်မှုအန္တရာယ်များ မရှိစေရေးအတွက်လည်း ဂရုပြုဆောင်ရွက်ရန် လိုကြောင်း၊ ပြစ်မှုကျူးလွန်မှုများ မဖြစ်ပေါ်စေရေးအတွက် သွားလာမှုလွယ်ကူရေး ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည့် ရဲစခန်းများနှင့် မီးသတ်စခန်းများ တည်ဆောက် ပေးရန်လိုကြောင်း၊ မိမိတို့အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးရေး အတွက်လည်း အားကစားကွင်းများနှင့် အားကစားရုံများကို နိုင်ငံတကာ အဆင့်မီတည်ဆောက်ပေး သွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုံများတွင် လုပ်ငန်းဆောင်ရွက်နေသူများ အနေဖြင့် မြေဧရိယာ အနည်းငယ်ဖြင့် ထိထိရောက်ရောက်အကျိုးရှိရှိဖြင့် ဆောင်ရွက် နိုင်ရန်လိုကြောင်း၊

ကဏ္ဍစုံတွင် ပြည်သူများပါသည့် အုပ်ချုပ်မှုစနစ်ဖြစ်ရန်လိုကြောင်း၊ လုံခြုံရေး နှင့် ပတ်သက်၍ ထိခိုက်အောင်ဆောင်ရွက်သူများကိုလည်း ဥပဒေနှင့်အညီ ထိရောက် စွာအရေးယူဆောင်ရွက်ရန်လိုသဖြင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောသားရင်သားမခွဲခြားဘဲ ဆောင်ရွက်ကြရန်လိုကြောင်း၊ အစိုးရသည် ပြည်သူများ အတွက် One Stop Service ပင်ဖြစ်သဖြင့် ပြည်သူများနှင့်ပတ်သက် သည့်လုပ်ငန်း များအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးရန်လိုကြောင်း၊ လာမည့် ရွေးကောက်ပွဲ တွင် ပြီးပြည့်စုံသည့်ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ရန်ကုန်မြို့သည် နိုင်ငံတကာနှင့်ဆက်သွယ်ဆောင်ရွက်သည့် နိုင်ငံ၏ အဓိက ဝင်ပေါက်နေရာဖြစ်သဖြင့် လူဝင်မှုဆိုင်ရာကိစ္စရပ်များအား စနစ်တကျဖြင့်ဆောင်ရွက် ကြရန်လိုကြောင်း၊  ထို့ကြောင့် စစ်ဆေးမှုနှင့်မှတ်တမ်းတင်မှုများကို စနစ်တကျဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ နိုင်ငံတကာစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင်လည်း စနစ်တကျဖြင့် ကြပ်မတ်ဆောင်ရွက်၍ စည်းကမ်း ဖောက်ဖျက်မှုများအား ဥပဒေနှင့်အညီအရေးယူဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အနေ ဖြင့် အစိုးရနှင့် ပြည်သူ ချိတ်ဆက်မှုယန္တရားများ အားလုံးခိုင်မာတောင့်တင်း နေရန်လိုကြောင်း၊ အလားတူ ကျေးလက်နေပြည်သူများအတွက်လည်း ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေရန်လိုပြီး ပြည်သူများတိုက်ရိုက် ပါဝင်သည့် ကျေးလက်စီးပွား ရေးစနစ်ကိုဖော်ဆောင်ပေးရန်လိုကြောင်း၊ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက်ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို တတ်နိုင်သမျှဖြည့်ဆည်းပေးပြီး လူနေမှုဘဝများ မြင့်မားအောင်ဆောင်ရွက် ပေးရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်၍ ကျေးလက်ကုန်ထုတ်လုပ်မှုသည် အဓိကအရေးကြီးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြင့် ဆောင်ရွက် ကြရန်လိုကြောင်း၊ နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားများ မပြတ်တောက်စေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်လုပ်ရေးနှင့် Waste Energy ထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။