နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍             ၉/၂၀၂၁ ကြိမ်မြောက်   သတင်းစာရှင်းလင်းပွဲပြုလုပ်

Thursday, September 30, 2021 - 14:45

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က နိုင်ငံခြားသံရုံးများမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍             /၂၀၂၁ ကြိမ်မြောက်   သတင်းစာရှင်းလင်းပွဲပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ ၂၉

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ /၂၀၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီး ဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလို သည့် မေးမြန်း မှုများကို ပြန်လည်ဖြေကြားသည်။

          သတင်းစာရှင်းလင်းပွဲ မစတင်မီ တက်ရောက်လာကြသူများအား ကိုဗစ်-၁၉  ရောဂါကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုအပ်သည့်ကျန်းမာရေး ဆိုင်ရာများ ဆောင်ရွက်ပေးပြီး သတ်မှတ်အကွာအဝေးအတိုင်း နေရာချထားပေး သည်။

          ဉီးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကိုကြိုဆိုသော အားဖြင့် နိုင်ငံ တော်အစိုးရ အနေဖြင့်  ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်သည့် အခြေအနေများနှင့် ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ် ပိုမိုရှင်သန်ထက်မြက်ရေးအတွက် လုပ်ဆောင်မည့် လုပ်ငန်းရပ်များ ချမှတ်ခြင်း၊ တိုင်းရင်းသားများပါဝင်သည့် ဖော်ဆောင်ရေးအဖွဲ့များဖွဲ့စည်းခြင်းနှင့် လက်တွေ့ လုပ်ငန်းရပ်များဆောင်ရွက်ခြင်းဟူသည့် အဆင့် ဆင့်ကို အဆင့်လိုက် ဆောင်ရွက် သွားမည်ဖြစ်သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် လွတ်လပ်ရေး ရရှိပြီးကတည်းက ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် သမိုင်းကြောင်း အခြေအနေများ၊  ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ယနေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်များ အကြိမ်ကြိမ်ထုတ်ပြန်ခဲ့ပြီး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲပေးခဲ့သည့် အခြေအနေများနှင့် လက်ရှိတွင်လည်း (၇၅)နှစ်ပြည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး တို့အတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လကြာ ထပ်မံတိုးမြှင့်ရပ်စဲပေးခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြင်ဦးလွင်၊ မြစ်ကြီးနား၊ လားရှိုး ခရီးစဉ်များ တွင် ပြောကြားခဲ့သည့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တည်ဆောက်ရာ တွင် ပထမအချက်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာတည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်ထားပြီး လုပ်ဆောင်လျက်ရှိ မှုနှင့် ဒုတိယအချက်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာပေါများ ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှု စသည့် အချက် ချက်ကို အဓိကထား၍ အလေးထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။

          ဆက်လက်ပြီး  NUG အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် စက်တင်ဘာ ရက်နေ့တွင် အကြမ်းဖက်လုပ်ရပ်များ ပိုမိုဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခဲ့ပြီးနောက် ပိုင်းတွင် မြို့အချို့နှင့် ဒေသအချို့တို့တွင် မိုင်းထောင်၊ မိုင်းခွဲခြင်း၊ ဗုံးပစ်ခတ်ခြင်း၊ ဒလန်ဟုစွပ်စွဲ၍ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း စသည့် ဖြစ်စဉ်များ ပိုမိုများ ပြားလာသည့် အခြေအနေများ၊ အကြမ်းဖက် PDF အဖွဲ့များအနေဖြင့် အကြမ်းဖက် လုပ်ရပ်များ၊ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရာတွင် အများပြည်သူအသုံးပြုသည့် လမ်း၊ ရုံး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသည့် နေရာများနှင့် ဆက်သွယ်ရေး တာဝါတိုင်များကို အဓိကပစ်မှတ်ထား ဆောင်ရွက် လာသည်ကိုတွေ့ရှိရပြီး အသက်အရွယ် ငယ်ရွယ်နုနယ်သည့် ကလေးငယ်များကိုပါ ရာဇဝတ်မှုကြီးများ ကျူးလွန်လာစေရန် သွေးထိုးလှုံ့ဆော်စေခိုင်းဆောင်ရွက် ခဲ့မှုများကို တွေ့ရှိရသည့် အခြေအနေ များ၊ ရန်ကုန်-မန္တလေးမြို့ကြီးများအပါအဝင် မြို့နယ်အချို့၌ အကြမ်းဖက်သမားများအား လက်နက်၊ ခဲယမ်း၊ ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိမှုများနှင့် ဖမ်းဆီးရမိသူများ၏ ဝန်ခံပြောကြားချက်များကို PowerPoint  Presentation များ၊ Video ဖိုင် များဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

          ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးက တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေတို့၏ ရွေးကောက်ပွဲဆိုင်ရာ စစ် ဆေးတွေ့ရှိချက်များ ထုတ်ပြန်ထားရှိမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ  ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့မှုများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ PowerPoint  Presentation များဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဉီးခင်မောင်ဉီးနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များ က ပြန်လည်ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။

          အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူ များနှင့် ပြည်တွင်းသတင်း ဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနမှ သတင်း ထောက်များ လာရောက်သတင်း ရယူခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြု လုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။