နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြား
နေပြည်တော် စက်တင်ဘာ ၂၇
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြား သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမျိုးသားခရီးသွားဖွံ့ဖြိုးတိုးတက်ရေး ဗဟို ကော်မတီဝင်များ၊ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ စကားဝိုင်းဆွေးနွေးပွဲကိုယ်စားလှယ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ က အမှာစကားပြောကြားရာတွင် စက်တင်ဘာ (၂၇)ရက်သည် ခရီးသွားလုပ်ငန်းကဏ္ဍ အတွက် အရေးပါသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး ယခုကဲ့သို ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့ အထိမ်းအမှတ်အခမ်း အနားတွင်နှုတ်ခွန်းဆက်စကားပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်း မြောက်မိပါကြောင်း။
လူသားများသည် ခရီးသွားခြင်းကို နှစ်သက်ကြပြီး ကမ္ဘာ့နေရာအနှံ့အပြားသို့ ရှာဖွေစူးစမ်းသွားလာလိုကြကြောင်း၊ ထို့ကြောင့်လူသားအားလုံပျော်ရွှင်စိတ်ချမ်း မြေ့မှုရရှိခံစားနိုင်ရေးအတွက် ခရီးသွားလုပ်ငန်းကိုဖော်ဆောင်ကြရခြင်းဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းသည် လူသားတိုင်းအတွက် လူမှုစီးပွားအကျိုးများစွာကို ဖန်တီးပေး နိုင်သဖြင့် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ် ဖြစ်သော “ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး” (Tourism for Inclusive Growth) နှင့်များစွာကိုက်ညီမှုရှိသည်ဟု ပြောကြားလိုပါကြောင်း။
သို့သော် ယနေ့ကမ္ဘာ့နှင့်အဝှမ်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးအန္တရာယ်ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် အခြားသောစီးပွားရေး နယ်ပယ်အသီးသီးတွင် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေကြသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်ဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် အချိန်ကာလအားဖြင့် (၂)နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့်အပြင် ဗီဇမျိုးကွဲများ များပြားလာပြီး ရောဂါကူးစက်မှု ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယ လှိုင်းနှင့် အချို့သော ကမ္ဘာ့နိုင်ငံများတွင် စတုတ္ထလှိုင်းအထိစတင် ကူးစက်ပျံ့နှံ့နေ သည်ကိုလည်း သိရှိရပါကြောင်း။
၂၀၂၁ ခုနှစ် စက်တင်ဘာ လ ၂၇ ရက်အထိ ကမ္ဘာ့လူဦးရေသန်းပေါင်း ၂၃၂ သန်းကျော်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းကို ခံခဲ့ရကြောင်းနှင့် သေဆုံးမှုစုစု ပေါင်းသည် ၄ ဒဿမ ၇ သန်းကျော်ရှိပြီး ပြန်လည်ကောင်းမွန်သူ ၂၀၉ သန်းကျော် ဖြစ်သည်ကိုသိရပါကြောင်း၊ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၆ ရက်တွင် ကူးစက် ခံရသူ ၁၅၃၄ ဦးရှိပြီး သေဆုံးသူ ၆၂ ဦးအပါအဝင် ယနေ့အထိ တစ်နိုင်ငံလုံးတွင် ၄ သိန်း ၅ သောင်းကျော်ရှိပြီး ဆေးရုံဆင်းသည့်အရေအတွက်သည် ၄ သိန်း ၁ သောင်းကျော်နှင့် သေဆုံးသူ ၁၇၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း။
ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာက ဆေးပညာ ရှင်များကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးနှင့် ထိရောက် သည့်ကာကွယ်ဆေး ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြ သည်ကိုလည်း တွေ့ရပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင် ကြုံတွေ့နေကြရခြင်း ဖြစ်သည့်အတွက် ကပ်ရောဂါထိန်းချုပ်နိုင်မည့်အချိန်ကို မှန်းဆ သိရှိနိုင်ရန်မလွယ်ကူသော်လည်း မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်သော ကူးစက်မြန်ဒယ်လ်တာမျိုးကွဲ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၂၆ ရက်အထိ ကူးစက်မှုနှုန်းသည် ၈ ဒသမ ၃၂ ရာခိုင်နှုန်းသာရှိတော့သည်ကို တွေ့ရကြောင်း၊ ဆက်လက်၍ ၅ ရာခိုင်နှုန်းအောက်ကျဆင်းရေး၊ ထိုမှတစ်ဆင့် ကူးစက်မှုလုံးဝမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှုနှင့် ကာကွယ်ဆေး ထုတ်လုပ်မှု လုပ်ငန်းများကိုလည်းစီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။
ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်အထက်လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပြီးစီးရေး ရည်မှန်းချက်ထားပြီး ကာကွယ်ဆေး ထိုးနှံလျက်ရှိသည့်အပြင် ပညာသင်အရွယ်ကျောင်းသားကျောင်းသူများ စာသင်နှစ် တစ်နှစ် မထိခိုက်စေရေး၊ စာသင်ကျောင်းများ အမြန်ဖွင့်လှစ်နိုင်ရေးအတွက်လည်း အထက်တန်းနှင့် အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများကို ကာကွယ် ဆေးထိုးနှံနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း။ တစ်ဦးနဲ့တစ်ဦး Social Distancing ဖြင့်နေထိုင်ခြင်း၊ နှာခေါင်းစီး mask ၊ မျက်နှာအကာ face shield များကို စနစ် တကျ တပ်ဆင်ခြင်းစသည့် ကိုဗစ်ရောဂါပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးဆိုင်ရာ (SOP) လိုက်နာ စရာများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် ကြပ်မတ်ဆောင်ရွက်နေပါကြောင်း၊ သို့မှသာ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်လာနိုင်ပြီး ခရီးသွား လုပ်ငန်းအပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း အမြန် ဆုံးပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ကပ်ရောဂါဘေး ထိန်းချုပ်နိုင်သည်နှင့်တစ်ပြိုင်တည်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်လည်ပတ်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက အဆင်သင့်ပြင်ဆင်ဆောင် ရွက်မှုများ လုပ်ဆောင်လျက်ရှိနေကြသည်ကိုသိရှိရကြောင်း။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာအကူအညီများပံ့ပိုး ပေးလျက် ရှိနေကြသည်ကိုလည်းတွေ့ရကြောင်း။ အထူးသဖြင့် နိုင်ငံအသီးသီးက ရေးဆွဲဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေး အစီအစဉ်များ ကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ခရီးသွားလုပ်ငန်းပြန်လည် စတင်နိုင်ရေး လမ်းညွှန်ချက်များနှင့် အစီအမံများကို မှီငြမ်းကိုးကားနိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံစားနေရရုံ သာမက လတ်တလောဖြစ်ပွားနေသော အခြေအနေများကြောင့် အခြားသော နိုင်ငံ များထက် ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်း များကို ၂ ဆ ၃ ဆ ပိုမိုကြိုးပမ်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက် ကြရာတွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများဟူသော အခန်း ကဏ္ဍများ အားလုံး ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ယန္တရားကြီး အရှိန်အဟုန်ဖြင့် အမြန်ဆုံးလည်ပတ်နိုင်မည်ဖြစ် ကြောင်း။
ထို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မဏ္ဍိုင်တစ်ခုဖြစ်သော ခရီးသွားလုပ်ငန်းကို ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်နိုင်မှုနှင့် အချိန်ကိုက် အမြန်ဆုံးပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအတွက် ခရီးသွား လုပ်ငန်း တွင် ပါဝင်ဆောင်ရွက်ကြသူများ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက် တွန်းလိုကြောင်း၊ ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်ရာ တွင်လည်း နိုင်ငံခြားခရီးသွားဧည့်သည်များအတွက် ပြည်တွင်းခရီးသွား လုပ်ငန်း ပြန်လည်စတင်နိုင်ရေးသည် မိမိတို့နိုင်ငံတစ်ခုတည်း အခြေအနေဖြင့်ဆောင်ရွက်၍ မရသည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်း Domestic tourism မှ စတင်ဆောင်ရွက် ရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ လမ်းညွှန်ချက်များတွင် ဖော်ပြထားပြီးဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်ကပ်ရောဂါကူးစက်မှုထိန်းချုပ်နိုင်မှုအပေါ် မူတည်၍ ပြည်တွင်းခရီးစဉ်များအတွက် သင့်လျော်သည့်ဒေသများကို ဦးစားပေးအစီအစဉ် အလိုက် ရွေးချယ်ပြီး ပြည်တွင်းခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင် ရန် ယခုမှစ၍ အသင့်ပြင်ထားကြရမည် ဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံတကာလေကြောင်းလိုင်းများနှင့် နိုင်ငံတကာဝင်ပေါက်များ ပြန်လည် ဖွင့်လှစ်နိုင်မှုအပေါ်မူတည်၍ Inbound tourism ပြန်လည် စတင်နိုင်ရေးအတွက် အဓိကကျသော ပြည်ဝင်ခွင့် Visa ဆိုင်ရာကိစ္စရပ်များနှင့် ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးနှံပြီးကြောင်း သက်သေအထောက်အထားအပါအဝင် နိုင်ငံတကာ စံနှုန်းသတ် မှတ်ချက် ကန့်သတ်ချက်များကို စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများအပါအဝင် မြန်မာ့ခရီးသွားလုပ်ငန်းအပေါ် စိတ်ဝင်စားသည့် နိုင်ငံများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ် ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံခရီးစဉ်ဒေသများကို COVID Safe Destination အဖြစ် နိုင်ငံတကာခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် Marketing, Promotion နှင့် Public Relations (PR) ကိစ္စရပ်များကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် Digital နည်းပညာကို အသုံးပြု၍ Marketing, Promotion နှင့် PR ကိစ္စရပ်များကို ဆောင်ရွက်ခြင်းသည် မိမိပေးလိုသော သတင်း အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိစေမည်ဖြစ်ပြီး Offline သို့မဟုတ် Physical/ In person နည်းဖြင့်ဆောင်ရွက်မှုသည်လည်း ထိရောက်မှုရှိသည့်အတွက် Online/Offline နှစ်မျိုးစလုံးကို အသုံးပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မြန် ဒယ်လ်တာရောဂါပိုးကူးစက်မှု ထိန်းချုပ်လာနိုင်သည်နှင့်အမျှ မြန်မာ့ ခရီးသွားလုပ်ငန်းများ အမြန်ဆုံးအရှိန်အဟုန်ဖြင့် စတင်လည်ပတ်နိုင်ရေးအတွက် ကော်မတီဝင်ဌာန ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တတ်သိ ပညာရှင်များနှင့် ဒေသခံများပါ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်မည် ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် Focal Ministry ဖြစ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ရေးဆွဲထားသည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ(Myanmar Tourism Strategic Recovery Roadmap- MTSRR 2021-2025) တွင် ပါဝင်သော လတ်တလော၊ ကာလလတ်နှင့် ကာလရှည် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် မဟာဗျူဟာ နှင့်လုပ်ငန်းစဉ်များကို လတ်တလော ဖြစ်ပေါ်နေသည့်အခြေအနေများအပေါ် မူတည်၍အကောင်အထည် ဖော်ဆောင်ရွက်၍ရနိုင်သမျှဆောင်ရွက်သွားကြရန် လို အပ်ကြောင်း။
ယခု ၂၀၂၁ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး” ဟူသော ဆောင်ပုဒ်အတိုင်း ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် Secretary General Mr.Zurab Pololikashvili ၏ သတင်းစကားရုပ်သံဗီဒီယိုကို ပြသသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်း က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များ၏ အထင်ကရနေရာများကို 360 ဒီဂရီ Virtual Reality Tour ဖြင့် မိတ်ဆက်တင်ပြသည်။
ထို့နောက် ဒေါ်ကြည်ကြည်အေး၊ ဒေါက်တာလူမွန်၊ ဦးဇော်ဖြိုးဝေ၊ ဉီးမျိုးမင်းဇော်၊ ဦးနောင်နောင်လတ်နှင့် ဒေါ်ခိုင်မီမီထွန်းတို့က Tourism For Inclusive Growth ; Rebuilding Resilient Tourism in Myanmar ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ကျေးဇူးတင်စကားပြော ကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။