KIA တပ်မဟာ ၈ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် ဒဂုံမြို့နယ်အတွင်း  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် (MGTN PDF) အဖွဲ့ဝင်များနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ

Saturday, September 25, 2021 - 15:15

KIA တပ်မဟာ ၈ နယ်မြေအတွင်း သင်တန်းတက်ရောက်ခဲ့ပြီး မင်္ဂလာတောင်ညွန့်မြို့နယ် နှင့် ဒဂုံမြို့နယ်အတွင်း  ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် (MGTN PDF) အဖွဲ့ဝင်များနှင့် ဆက်စပ်တရားခံများ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၅

                 တိုင်းရင်သားလက်နက်ကိုင် နယ်မြေများအတွင်း အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူများ ပြန်လည်ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်း ပေးပို့ချက်အရ ဖမ်းဆီးနိုင်ရေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၂၃ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၌ KIA တပ်မဟာ()နယ်မြေအတွင်း စစ်သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ဘိုဘိုလင်း (၁၈)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

                 တရားခံ ဘိုဘိုလင်း ထွက်ဆိုချက်အရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်အရှေ့ရပ်ကွက်တွင် မျိုးမင်းအောင်(၃၂)နှစ်၊ သီဟချို (၂၄)နှစ်နှင့် ကမာရွတ်မြို့နယ်၊ ()ရပ်ကွက်၊ ရတနာလမ်းတွင် ကျော်ကျော်ထွန်း(၂၁)နှစ်၊ ဟိန်းထက်အောင်(၂၁)နှစ်၊ ခင်နှင်းနွယ်(ခ)ငယ်လေး(၁၉)နှစ်၊ ဝေဝေအောင် (ခ)ပေါက်စီ(၂၉)နှစ် တို့အား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

                 တရားခံ သီဟချို ထွက်ဆိုချက်အရ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ ဒေါ်သိန်းတင်လမ်းတွင် မေဇော်အောင်(၃၂)နှစ်နှင့် အထက်မန္တလေး လမ်းတွင် ရာကူနေမြင့်(၄၈)နှစ် အား ဖမ်းဆီးရမိခဲ့သည်။

                 တရားခံ မေဇော်အောင် ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်၊ အနော်ရထာလမ်းတွင် သီဟလင်း(ခ)ရဲရင့်ဟိန်း(၁၇)နှစ် ၊ မရမ်းကုန်း မြို့နယ်၊ ()ရပ်ကွက်၊ သမိုင်းမြို့ဟောင်း()လမ်းထိပ်တွင် ကျော်မင်းထက်(၂၁)နှစ်၊ တောင်ဥက္ကလာပမြို့နယ်၊ ()ရပ်ကွက်၊ သရေခေတ္တရာ (၂၃)လမ်းတွင် ကျော်ဇေယျာလင်း (၂၆)နှစ်၊ ကျော်ကိုကိုဝင်း(၂၇)နှစ်၊ ကျော်ထူးသန့်(၃၆)နှစ်၊ မင်းသူ(၂၆)နှစ်၊ အာကာဖြိုး (၂၁)နှစ် တို့အား ဖမ်းဆီးရမိခဲ့သည်။

                 တရားခံ သီဟလင်း ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဗိုလ်မှူးဗထူးအိမ်ယာ၊ တိုက်(အေ/)တွင် ခင်မြင့်မိုရ်(၂၆)နှစ် အား ဖမ်းဆီးရမိခဲ့သည်။  တရားခံ ခင်မြင့်မိုရ် ထွက်ဆိုချက်အရ စက်တင်ဘာလ ၂၄ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေး(တောင်)ရပ်ကွက်၊ (၉၃)လမ်းထိပ်၌ တရားခံ ထက်ထက်အောင်(၂၉)နှစ် အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

                 ဖြစ်စဉ်တွင် ဖမ်းဆီးရမိ တရားခံ ကျား ၁၃ ဦး၊ ဦး၊ ပေါင်း ၁၈ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိ တရားခံများ၏ထွက်ဆိုချက်အရ KIA တပ်မဟာ()နယ်မြေ အတွင်း ဖွင့်လှစ်သော အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း အမှတ်စဉ်()တွင် ဟိန်းထက်အောင်(ခ)တရုတ်ကြီး မှ လည်းကောင်း၊ သင်တန်းအမှတ်စဉ်()တွင် ကျော်ဇေယျာလင်း၊ ကျော်ကိုကိုဝင်း၊ မင်းသူ နှင့် ကျော်ထူးသန့် တို့မှလည်းကောင်း၊ သင်တန်းအမှတ်စဉ်()တွင် ခင်မြင့်မိုရ်၊ သီဟလင်း၊ ခင်နှင်းနွယ်၊ ဝေဝေအောင်၊ ကျော်ကျော်ထွန်း၊ ကျော်မင်းထက်၊ မျိုးမင်းအောင်၊ သီဟချို၊ ဘိုဘိုလင်း နှင့် အာကာဖြိုး တို့မှလည်းကောင်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိ တရားခံများသည် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မေလ (တတိယပတ်)တွင် Mingalar Taung Nyunt PDF (MGTN PDF)အဖွဲ့အား ဖွဲ့စည်းခဲ့ကြောင်း၊ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့်ငွေကြေးအား မင်္ဂလာတောင်ညွှန့်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရန်အောင်မှ ထောက်ပံ့ပေးလျက်ရှိကြောင်း၊  MGTN PDF Facebook Page မှတစ်ဆင့် ငွေကြေးကောက်ခံ၍ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မေလ ရက်တွင် ဆံရှည်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဘီးလူး၊ မိုးထက်၊ ပြည့်ဖြိုး၊ ဇော်မင်း တို့သည် အထက()မင်္ဂလာတောင်ညွန့် ကျောင်းဝင်းအတွင်း၌ လက်လုပ်ချိန်ကိုက်မိုင်း လုံး အားလည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖဆပလရပ်ကွက်၊ ယာဉ်ထိန်းရုံး မီးပွိုင့်၌ လက်လုပ်ချိန်ကိုက်မိုင်း လုံးအားလည်းကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 မေလ ၁၈ ရက်တွင် ဆံရှည်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဘီးလူး၊ မိုးထက်၊ ပြည့်ဖြိုး၊ ဇော်မင်း တို့သည် ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ယောမင်းကြီးလမ်း၊ တိုက်(၄၅) ချိန်ကိုက်မိုင်း လုံး ထားရှိခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။  ဇွန်လ ရက်တွင် ဆံရှည်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ဇော်မင်း၊ မန်ကျည်း တို့သည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းရှိ သျှီလာစတိုးတွင် လက်လုပ်မိုင်း လုံး ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံဖြစ်သော ရာကူနေမြင့် (နိုင်/ကျဉ်းဟောင်း)သည် We Love Mingalar Taung Nyunt အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဆူပူဆန္ဒပြအဖွဲ့များနှင့် အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းပြုလုပ်သူများအား ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိသူဖြစ်ပြီး  အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG နှင့် MGTN PDF အဖွဲ့ဝင်များအား ၎င်းမှ ချိတ်ဆက်ပေး၍ အဖျက်လုပ်ငန်း များအား ဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

                 အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်း ပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။