နေပြည်တော်၊ စက်တင်ဘာ - ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေတိုက်စားမှုကြောင့် ရေနောက်အိုင်ကျေးရွာအဝင်တံတား သည် ပြိုကျပျက်စီးခဲ့ရာ စက်တင်ဘာ ၁၈ ရက်တွင် အနောက်တောင်တိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများက ပူးပေါင်း၍ ပြုပြင်ဆောက်လုပ်ခဲ့သဖြင့် မော်တော်ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ် ကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်အတွင်း မိုးသည်ထန်စွာ ရွာသွန်းခြင်းကြောင့် ကြာညှပ်ကျေးရွာအုပ်စု၊ ရွှေစကားကျေးရွာ၏ အရှေ့ဘက် ဗန်းမော်-မန္တလေးသွား ကားလမ်းပေါ်တွင် ရေတိုက်စားခံရပြီး ပေါက်တပင်ကျေးရွာ အနီး၌ ရေကျော်မှုဖြစ်ပွားခဲ့သည်။
အဆိုပါရေတိုက်စားခံရသည့် နေရာနှင့် ရေကျော်နေသည့် နေရာများသို့ ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်၍ ရေလွှဲများ ဆောင်ရွက်ပေးခြင်း၊ ယာဉ်များဖြတ်သန်းသွားလာနိုင်ရေး လမ်းပြုပြုင်ပေးခြင်းနှင့် ယာဉ်လမ်းကြောင်း ထိန်းသိမ်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ရပ်တန့်နေသည့် ယာဉ်များမှ ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ထမင်းဘူးများ လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။