တပ်မတော်၏ အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မှုကို သိရှိနားလည်နေရမည်ဖြစ်ပြီး
နိုင်ငံတော်နှင့် တပ်မတော်၏ တာဝန်ကိုကျေပွန်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်
နေပြည်တော်၊ စက်တင်ဘာ ၁၈
တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းပြည်၏ အစိတ်အပိုင်း တစ်ခုပင်ဖြစ်ပြီး တပ်မတော်နှင့် နိုင်ငံ့သမိုင်းကို ခွဲခြား၍ ရမည်မဟုတ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းသည် တိုင်းပြည်ကိုအလုပ်အကျွေးပြုနေခြင်းပင် ဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး တပ်မတော်သည် တိုင်းပြည်အတွက်ပင်ဖြစ် ရမည်ဖြစ်ကြောင်း၊ မိမိတို့၏တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့နံနက်ပိုင်း တွင် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု များအား တိုင်းစစ်ဌာနချုပ် ဗလမင်းထင် ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိိကြီးများနှင့် ဇနီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် မြစ်ကြီးနားတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သိရှိ နားလည်နေရမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် ခေတ်ကာလနှင့် ကိုက်ညီသည့် အုပ်ချုပ်မှုပုံစံစနစ်များဖြင့် နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ကြသည်ကို သမိုင်း ကြောင်းများတွင် တွေ့ရှိနိုင်မည်ကြောင်း၊ ယခင်တပ်မတော်အစိုးရလက်ထက်၌ တပ်မတော် အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီစနစ် မကူးပြောင်းမီကာလများတွင် နိုင်ငံတကာ တွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီ ကျင့်သုံးပုံများကိုလေ့လာပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလားတောင့်တ သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာ ဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း။
ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံ ရေးနှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ ခြင်းဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်နားလည်သဘော ပေါက်နိုင်ရန် လိုအပ်မှုများရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံအလိုက်ကျင့်သုံးသည့် ဒီမိုကရေစီ ကျင့်သုံးပုံခြင်း တူညီမှုမရှိဘဲ မိမိတို့နိုင်ငံ၏ လူနေမှုစနစ်၊ ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ ဓလေ့ထုံးတမ်းစဉ်လာများနှင့် ကိုက်ညီသည့် ဒီမိုကရေစီကိုသာ ကျင့်သုံးလေ့ရှိ ကြကြောင်း။
၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ်တက်လာခဲ့ပြီး ၅ နှစ်တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ထိုက်သင့်သလောက် တိုးတက်မှုများ မဖြစ်ပေါ် ခဲ့ကြောင်း၊ ပြည်သူလူထုအနေဖြင့် မိမိတို့ရွေးခြယ်ထားသည့် အစိုးရ၏ လုပ်ဆောင်ချက် များအပေါ်တွင် အားမလိုအားမရဖြစ်ခဲ့ပြီး မျှော်မှန်းသကဲ့သို့ ဖြစ် မလာသည့်အတွက် ရွေးကောက်ပွဲအပေါ်စိတ်ပျက်လာပြီး မဲမပေးရေးလှုပ်ရှားမှု (No Vote) များဖြစ်ပေါ်လာခဲ့ သည်ကိုတွေ့ရှိရကြောင်း၊ ရွေးကောက်ပွဲအကြို ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့်အခါတွင် ဆန္ဒမဲပေးခွင့်ရှိသူ၏ ၁၄ ရာခိုင် နှုန်းခန့်သာမဲပေးခဲ့သည်ကို တွေ့ရှိရကြောင်း။
ထို့နောက် ရွေးကောက်ပွဲမတိုင်မီဆောင်ရွက်သည့် ပါတီမဲဆွယ်စည်းရုံးရေးများတွင် လည်း ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ တရားမျှတမှု သံသယ ဖြစ်စရာများ စွာ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး မဲစာရင်းရလဒ်များကို ထုတ်ပြန်ကြေညာသည့်အခါတွင် မဲသမာမှုဖြစ်နိုင်သည့် အခြေအနေ များကို တွေ့ရှိရသဖြင့် တပ်မတော်မှ မဲစာရင်းများစစ်ဆေးခဲ့ရာ ကြီးမားသည့် မဲစာရင်း မှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် မဲစာရင်း မှားယွင်းနေမှုများကို ဖြေရှင်းဆောင်ရွက်ပေးရန် မည်သို့ပင် ပြောဆိုခဲ့သော်လည်း တာဝန် ရှိသူများအနေဖြင့် ဖြေရှင်းပေးခြင်းမရှိသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရ အသစ်ဖွဲ့ကာ နိုင်ငံတော်၏အာဏာကို မတရားသောနည်းလမ်းဖြင့်အဓမ္မရယူရန် ဆောင်ရွက်ခဲ့သောကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ရခြင်းဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို ခေတ္တတာဝန်ယူ ဆောင်ရွက် နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း၊ လက်ရှိလုပ်ဆောင်နေမှုများသည် နိုင်ငံ့ အရေးကိုလုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် အပေါ်တွင် ခိုင်မာစွာ ရပ်တည်နိုင်ရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာပေါ များစေရေးကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ထိုသို့လုပ်ဆောင်နေစဉ် နိုင်ငံတော် အေးချမ်းသာယာမှုကို မလိုလားသူများက လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားများပျက်ပြားစေရေးအတွက် နည်းမျိုးစုံဖြင့် နှောင့်ယှက်ပြီး တိုင်းပြည်ဖျက်သည့် အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့မြန်မာလူမျိုးများသည် လူမှုရေး စိတ်ဓာတ်ရှိကြပြီး စုပေါင်းလုပ်ဆောင်မှုကို တန်ဖိုးထားကြကြောင်း၊ ပြီးခဲ့သည့် ကာလ များတွင် ထိုကဲ့သို့ ကောင်းမွန်သည့် စိတ်ဓာတ်များဖျက်ဆီးခံခဲ့ရကြောင်း၊ တိုင်းပြည်တွင်း ဖြစ်ပေါ်နေသည့် အဖျက်အမှောင့်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတို့ ပူးပေါင်း လက်တွဲ၍ ဝိုင်းဝန်းကာကွယ်တားဆီးရန်လိုအပ်မည်ဖြစ်ကာ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို သိရှိနားလည်ရန် လိုအပ် ကြောင်း။
တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွား လာသည့် တိုင်းပြည်၏အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး တပ်မတော်နှင့် နိုင်ငံ့သမိုင်းကို ခွဲခြား၍ ရမည်မဟုတ်ကြောင်း၊ တပ်မတော်၏တာဝန်သည် ပြည်ပရန်ကာကွယ်ရေးဖြစ်ပြီး ပြည် တွင်းပဋိပက္ခများကို ဖြေရှင်းရန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သော်လည်း လွတ်လပ်ရေးရရှိပြီးကတည်းက ဖြစ်ပေါ်ခဲ့သည့် လိုအပ်ချက်များနှင့် သမိုင်းကြောင်း အစဉ် အလာများအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှိမ်နင်းရေးတွင် တပ်မတော်က ဆက်လက် ပါဝင် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင် နိုင်ရန်အတွက် အရာရှိ၊ စစ်သည်များအနေဖြင့် စွမ်းရည်သုံးရပ်ပြည့်ဝနေရမည်ဖြစ်ပြီး နေ့စဉ်ဆောင်ရွက်နေရသည့် ပုံမှန်လေ့ကျင့်ရေးတာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင်ရ မည်ဖြစ်ကြောင်း၊
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိထမ်းဆောင်ရသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်နှင့် အရည်အချင်းမြှင့်တင်ပေးရန်အတွက် လေ့ကျင့်ရေးဆိုင်ရာနှင့် ပညာရပ်ပိုင်းဆိုင်ရာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ မည်သည့် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရ မည်ဖြစ်ပြီး အမြဲတမ်းတိုက်ပွဲဝင်အသင့်ဖြစ်နေရန်နှင့် လက်ရုံးတပ်များနှင့် ပူးပေါင်း စစ်ဆင် နိုင်စွမ်းတိုးတက်ကောင်းမွန်အောင် အမြဲတမ်းလေ့ကျင့်နေရမည်ဖြစ်ကြောင်း။
မိမိတို့တပ်မတော်သည် စတင်သန္ဓေတည်ပေါက်ဖွားလာကတည်းကပင် စည်းကမ်း ကောင်းမွန်ပြီး အမိန့်နာခံမှုကောင်းသည့် တပ်မတော်ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ် ရေး တာဝန်ထမ်းဆောင်ခြင်းသည် တိုင်းပြည်ကိုအလုပ်အကျွေးပြုနေခြင်းပင်ဖြစ်သည်ကို သိရှိနားလည်ရမည်ဖြစ်ပြီး တပ်မတော်သည် တိုင်းပြည်အတွက်ပင်ဖြစ်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်တွင် အရေးပေါ်အခြေအနေများနှင့် ကြုံတွေ့ခဲ့ရတိုင်း တပ်မတော်က ဦးဆောင် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ကို သိရှိရမည်ဖြစ်ကာ တိုင်းပြည်အတွက် လုပ်ဆောင်ပေး နိုင်သည်မှန်သမျှကို လုပ်ဆောင်ပေးနိုင်ရေး စိတ်နှလုံးသွင်းလုပ်ဆောင်ရန်လိုကြောင်း၊
တပ်မတော်သားမိသားစုများ၏ သက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတို့ကို သတ်မှတ်ထားသည့် အဆင့်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက် ပေးထားပြီးဖြစ်သဖြင့် အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရန်နှင့် စွမ်းရည်သုံးရပ်ထက်မြက်နေအောင် ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ် ကြောင်း၊ အုပ်ချုပ်သူခေါင်းဆောင်များအနေဖြင့် ညီညွတ်မျှတသည့် ခေါင်းဆောင်မှုရှိရန် လိုအပ်သကဲ့သို့ လက်အောက်ငယ်သားများကလည်း စည်းကမ်းသေဝပ်ပြီး စစ်သား ကောင်းတစ်ယောက်ပီသအောင် နေထိုင်ကျင့်ကြံရန်လိုကြောင်း၊ မိမိတို့ထမ်းဆောင်ရ သည့်တာဝန်နှင့် သင်ကြားပေးလိုက်သည့် ပညာရပ်များကို မြေပြင်လက်တွေ့ပေါင်းစပ်၍ ကြုံတွေ့လာရသည့် အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းနိုင်ရမည်ဖြစ်ကြောင်း၊ အဆင့်နှင့်လျော်ညီသည့် လစာ၊ ရိက္ခာနှင့် ရပိုင်ခွင့်များကို လုပ်ဆောင်ပေးထားပြီး ဖြစ်သ ဖြင့် မိမိဘဝတိုးတက်ရေးကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းယာ တို့ကို သုံးစွဲ ခြင်း၊ ဝင်ငွေ၊ ထွက်ငွေ မျှတအောင် သုံးစွဲနိုင်မှုမရှိခြင်းတို့ကို ကိုယ်ပိုင်အသိစိတ်များဖြင့် ဆင်ခြင်ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့၏ တပ်ပိုင်းဆိုင်ရာကိစ္စရပ် များတွင် တာဝန်ကျေပွန်အောင် ထမ်းဆောင်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မိမိတို့တတ်စွမ်းသရွေ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများနှင့် ပတ်သက်၍ တတိယလှိုင်းဖြစ်ပွားစဉ်အချိန်က ဖြစ်ပွားမှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ မြင်တက်ခဲ့သော်လည်း အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှု၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု၊ ပြည်သူတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် လက်ရှိအချိန်တွင် ဖြစ်ပွားမှုနှုန်း ၁၀ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိသည်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း မျှော်မှန်းထား သည့် အတိုင်းအတာ တစ်ခုအထိလျော့ကျလာမှသာလျင် ပညာရေးအပါအဝင် အခြား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်မည်ဖြစ်သော ကြောင့် ကူးစက်ဖြစ်ပွားမှုနှုန်းကိုထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက် သည့် စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာရန်လိုအပ်မည်ဖြစ်ကြောင်း၊ နေအိမ် တွင် နေထိုင်ရေး (Stay at Home)ကာလအတွင်း စည်းကမ်းစနစ်တကျနေထိုင်ရန်နှင့် မိမိ ဘဝတိုးတက်ရေးအတွက် အချိန်ကို အကျိုးရှိစွာအသုံးချစေလိုကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ လိုအပ်ချက် များကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူး ကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီးက မိခင်နှင့်ကလေးထောက်ပံ့ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီး က လည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစု များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွား ရောက်ကြည့်ရှုစစ်ဆေးပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ အား ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။