မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၌ အောက်ဆီဂျင်စက် တပ်ဆင် လည်ပတ်နေမှု အခြေ အနေများအား ကြည့်ရှု

Thursday, September 9, 2021 - 16:00

 

နေပြည်တော်၊ စက်တင်ဘာ - ၉

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ကျန်းမာ ရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ မြကန်သာရပ်ကွက်၌ အောက်ဆီဂျင်ထုတ်လုပ်သည့်စက် ရောက်ရှိ တပ်ဆင်နေမှုအခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်ငြိမ်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။