Tuesday, September 7, 2021 - 17:00
ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင် အိုးများလှူဒါန်း
နေပြည်တော်၊ စက်တင်ဘာ - ၇
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် အောက်ဆီဂျင်အိုး ၁၀၀ လုံးအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဘုတ်ပြင်းတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက သွားရောက်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြ ကြောင်း သတင်းရရှိသည်။