ချောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း နေပြည်တော်၊ စက်တင်ဘာ - ၄

Saturday, September 4, 2021 - 16:15

ချောက်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၄

          မကွေးတိုင်းဒေသကြီး၊ ချောက်မြို့အနီးရှိ ဧရာဝတီမြစ်ရေမြင့်တက်ပြီး ချောက်မြို့ နယ်၊ အမှတ်၊ ၇/၈ ရပ်ကွက်ရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာမှုကြောင့် အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၈၄ ဦးတို့သည် ရေဘေးလွတ်ကင်းရာ နေရာဖြစ်သည့် ချောက်မြို့နယ် ဘောလုံးကွင်းသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသဖြင့် အဆိုပါ ရေဘေး ရှောင်ပြည်သူများစားသောက်ရေးအဆင်ပြေစေရန်အတွက် စက်တင်ဘာ ၃ ရက်နှင့် ယနေ့တို့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက စားသောက်ဖွယ်ရာများ သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။