ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် နေပြည်တော်၊ စက်တင်ဘာ - ၄

Saturday, September 4, 2021 - 16:15

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပေါ်နေသည့်ကာလအတွင်း ဒေသတွင်းစိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ - ၄

          ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာန ချုပ်နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူ ရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

          ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင် များသည် ပြင်ဦးလွင်မြို့ရှိ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပြီး သက္ကံချိုင်းကျေးရွာရှိ ဟဲဦးဟင်းသီးဟင်းရွက် အေးခဲ အခြောက်ခံစက်ရုံအား လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များသည် ပုဏ္ဏကျွန်းမြို့နယ်၊ ပဒေသာရွာသစ်ရှိ ဦးစံကျော်လှ ပိုင်ဆိုင်သော နို့စားနွားမွေးမြူရေးခြံနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ ၇ ဦးပိုင် ဓာတ်မြေ ဩဇာနှင့် သဘာဝမြေဩဇာရောနှောထည့်သွင်းခြင်း မိုးစပါး စံပြကွက်(၂၅)ဧက စိုက်ခင်းသို့ လည်းကောင်း အသီးသီး သွားရောက်၍ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မိုးစပါးစိုက်ပျိုးထားရှိမှုတို့ကို သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။