နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၊ သံရုံး၊ စစ်သံရုံး မိသားစုဝင်များအား ရင်းရ

Saturday, September 4, 2021 - 12:00

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေး၊ သံရုံး၊ စစ်သံရုံး မိသားစုဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၄

          ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန်မွန်းလွဲပိုင်း တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin နှင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေး သည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ စစ်သံမှူးနှင့် တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေးဝန်ကြီးနှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ရုရှား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စရပ်များ၊ စစ်ဘက်နည်းပညာ၊ ပညာရေး၊ ကျန်းမာရေးနှင့် ကဏ္ဍ ပေါင်းစုံတွင် ရုရှားနိုင်ငံမှ ကူညီဆောင်ရွက်သွားမည့် အခြေအနေများအား ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယကာကွယ်ရေး ဝန်ကြီး တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။

          ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒ ရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ သွားရောက်၍ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ မိသားစုများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝေးလံသည့် နိုင်ငံရပ်ခြားတွင် နိုင်ငံတော်၏တာဝန်များကို အတူတကွ လာရောက် ထမ်းဆောင်နေခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦးဖေးမကူညီစောင့်ရှောက်ကြ ရန် လိုအပ်သည့်အခြေအနေများ၊ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် စေရေး၊ နိုင်ငံ့အကျိုးစီးပွားတိုးတက်ရေး တို့အတွက် ကျရာအခန်းကဏ္ဍမှ နိုင်ငံ့ဝန် ထမ်းကောင်း ပီသစွာဖြင့် နိုင်ငံတော်နှင့် မိမိဝန်ကြီးဌာအပေါ် သစ္စာရှိရှိဆောင်ရွက် ကြရမည်ဖြစ် ကြောင်း အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် သံရုံး၊ စစ်သံရုံး မိသားစုများများအတွက် လက်ဆောင်ပစ္စည်းနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ သံအမတ်ကြီး ဦးလွင်ဦး နှင့် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးတို့က လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။