ဒေသခံတောင်သူများထံမှ သီးနှံများ ဒေသပေါက်ဈေးအတိုင်း ဝယ်ယူအားပေး

Friday, September 3, 2021 - 16:15

 

နေပြည်တော်၊ စက်တင်ဘာ - ၃

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဈေးကွက်အတွင်းရောင်းချရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ စိုက်ခင်းများမှသီးနှံများကို နယ်မြေခံတပ်မတော်သား များက ဒေသပေါက်ဈေးအတိုင်း ဝယ်ယူပေးလျက်ရှိသည်။

ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ် မြို့နယ်၊ ဖက်တောကျေးရွာရှိ ဒေသခံတောင်သူများထံမှ ကြက်သွန်နီ ၁၀၀၀၀ ပိဿာ ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဒေသပေါက်ဈေး အတိုင်း သွားရောက်ဝယ်ယူအားပေးခဲ့ကြောင်း သတင်းရရှိသည်။