နမ္မားမြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာသို့ အောက်ဆီဂျင်အိုးနှင့် ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ် လှူဒါန်း

Monday, August 30, 2021 - 16:00

 

နေပြည်တော်၊ ဩဂုတ်- ၃၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နမ္မားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာရှိ လူနာများအတွက် အောက်ဆီဂျင်အိုး ၂၀ လုံး၊ Oxygen Flow  Meter ၅ ခု၊ Surgical  Mask ၂၄၀၀ ခု၊ PPE ဝတ်စုံ ၅၀ နှင့် Test  Kit ၂၀၀ ခုတို့ကို မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက သွားရောက်လှူဒါန်း ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။