ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင် နေပြည်တော်၊ ဩဂုတ် ၂၉

Sunday, August 29, 2021 - 14:15

ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့် လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများ အသုံးပြုကာ အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်

နေပြည်တော်၊ ဩဂုတ် ၂၉

            အကြမ်းဖက်သူများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင် လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီး များပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအားလုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာဝတီကျေးရွာရှိ အစိုးရနည်းပညာတက္ကသိုလ် မြမဉ္ဇူ အမျိုးသမီးအဆောင်အား လက်လုပ် မိုင်း လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် မြမဉ္ဇူအဆောင်၏ ပြတင်းတံခါးမှန် ချပ်နှင့် အုတ်နံရံ ပေပတ်လည်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

            အလားတူ ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည် မြို့နယ်၊ မြို့သစ်()ရပ်ကွက်၊ ၆၂ လမ်းနှင့် ၁၁၂ လမ်းထောင့်တွင် COVID-19 ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးလျက်ရှိသည့် နယ်ကျော်စစ်ဆေးရေးဂိတ် အနီး တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီး လမ်းပေါ်၌ ရပ်တန့်ထားသည့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်၊ နောက်ဝဲ/ယာလေကာမှန်တို့ ကွဲအက် ပျက်စီးခဲ့ကာ လူထိခိုက်မှုမရှိကြောင်း သိရသည်။

          အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။