တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ ရက်စွဲ။ ၂၈-၈-၂၀၂၁

Saturday, August 28, 2021 - 13:45

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

ရက်စွဲ။ ၂၈-၈-၂၀၂၁

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်း ဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm  အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀)သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၂၈-၈-၂၀၂၁)ရက်နေ့ ညနေ (၄:၂၅)နာရီတွင် ရောက်ရှိသည်။ အဆိုပါကာကွယ်ဆေး များကို ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပြီး ရန်ကုန်မြို့ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံ၌ ထားရှိသည်။ (၂၉-၈-၂၀၂၁) ရက်နေ့ မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော် (လေ) ၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူလူထုအား အမြန်ဆုံး ထိုးနှံသွားမည်ဖြစ်ပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာန