၁။ ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာအလိုက် ဘာသာရေး အဆောက်အဦများတွင် ဘုရားဝတ်ပြုခြင်း၊ ကြည်ညိုခြင်းများအား COVID-19 စည်းမျဉ်း စည်းကမ်းများနှင့်အညီ ပြုလုပ်ပေးသွားရန် ဆောင်ရွက်ရမည်ဖြစ်။
၂။ ပြည်တွင်းခရီးသွားလာမှုနှင့် ဟိုတယ်လုပ်ငန်းများအား COVID-19 စည်းမျဉ်း စည်းကမ်းများကို တိကျစွာလိုက်နာစေလျက် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ပေးသွားမည် ဖြစ်။
၃။ COVID-19 ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာ စွာ ပိတ်မိဒုက္ခခံနေကြရသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့မြန်မာနိုင်ငံသို့ ပြန်လာသင့်၊ အဆိုပါပြည်ပရောက် မြန်မာနိုင်ငံသားများအား အမြန်ဆုံးပြန်လည် ခေါ်ယူနိုင်ရေး စီမံဆောင်ရွက်ကြရမည်ဖြစ်။
၄။ မိမိတို့အနေဖြင့် စီးပွားရေးကိုနလန်ထူအောင် ဆောင်ရွက်ရန်လိုအပ်၊အလုပ်လက်မဲ့ ဖြစ်နေသူများ ဝင်ငွေရရှိသည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန်လို။
၅။ ရပ်တန့်ထားသည့်စက်ရုံများကိုလည်း COVID-19 စည်းကမ်းချက်များ နှင့်အညီ ပြန်လည် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ရန်လိုအပ်။
၆။ မိမိတို့သည် ကြားကာလတာဝန်ယူရသော အဖွဲ့အစည်းဖြစ်သဖြင့် မှားယွင်း ဆောင်ရွက်၍မရဘဲ အလေးထားဆောင်ရွက်ရန်လို။
၇။ စုပေါင်းတိုင်ပင်ဆွေးနွေးပြီး တိုင်းပြည်အတွက် ကောင်းအောင်ဆောင်ရွက်မည် ဆိုသည့် မူနှင့်သာသွားစေချင်။