ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ကုသရေးဆိုင်ရာဆေးဝါး၊ ဆေးပစ္စည်းများနှင့်ပတ်သက်၍တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်စေရန် တင်သွင်းဆေးဝါးများ၏ Price List များအားမြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း၏ Website နှင့် Facebook Page များတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်
နေပြည်တော်၊ ဩဂုတ်- ၂၃
မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းသည် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ကုသရေးဆိုင်ရာဆေးဝါး၊ ဆေးပစ္စည်းမျိုးစုံတို့ကို အများပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် တင်သွင်းသူများထံမှ တိုက်ရိုက်ဝယ်ယူရရှိနိုင်အတွက် လည်းကောင်း၊ အရည်အသွေးစစ်မှန်၍ ယုံကြည်စိတ်ချရသော မှတ်ပုံတင်ရှိ ဆေးဝါး၊ ဆေးပစ္စည်းများကို တင်သွင်းသည့်ကုမ္ပဏီများထံမှ တိုက်ရိုက်ဝယ်ယူ နိုင်စေရန်အတွက်လည်းကောင်း၊ အများပြည်သူများ ဆေးဝါး၊ ဆေးပစ္စည်းများ လက်လီဝယ်ယူရာတွင် တင်သွင်းသော ကုမ္ပဏီများမှ ရောင်းဈေးနှင့်နှိုင်းယှဉ်လျှင် အလွန်အမင်းဈေးကြီးပေး၍ဝယ်ယူနေရခြင်းကို လျှော့ချတားဆီးနိုင်ရန်အတွက် လည်းကောင်း၊ တရားမဝင် online များမှ အမြတ်ကြီးစားရောင်းချသည့် မှတ်ပုံတင်မရှိသော၊ အရည်အသွေး အာမခံချက်မရှိသော ဆေးဝါး၊ ဆေးပစ္စည်းများကို တားဆီးရာတွင် အထောက်အကူဖြစ်စေရန်အတွက် လည်းကောင်း အစရှိသည့် ရည်ရွယ်ချက် ကောင်းများစွာဖြင့် အောက်ဖော်ပြပါ ဆေးဝါးများအား ယှဉ်တွဲပါ ဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိပါသည်။ ၎င်းအပြင် အသင်းဝင် ဆေးဝါးတင်သွင်း သည့်ကုမ္ပဏီများထံမှ မိဘပြည်သူများ တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်စေရန် တင်သွင်းဆေးဝါးများ၏ Price List များအား စုစည်း၍ ယနေ့မှစပြီးတစ်ပတ်လျှင်တစ်ကြိမ် အသင်း၏ Website(www.mccpmd.org) နှင့် Facebook Pagehttps://www.facebook.com/323302521392189/posts/1720802588308835/?d=nများတွင် ကြေငြာ ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
Antibiotics
1. PO- Azithromycin 500mg
2. P.O - Cefalexin 500mg
3. P.O/Injection - Levofloxacin 500mg
4. Injection- Ceftriazone 1G
5. Injection- Cefoperazone and Sulbactam 1G/2G
6. Injection- Meropenam
Anti-inflammatory
7. P.O Dexamethasone
8. P.O Prednisolone
9. Injection- Dexamethasone
Antiviral
10. P.O Favipiravir 400 mg
11. Injection - Remdesivir
Anti thrombosis
12. Injection Enoxaprim 40/60 mg
Symptomatic
13. P.O Paracetamol 500 mg
14. P.O Dextromethophan
15. P.O Bromhexine
16. P.O Cetrizine
Supportive
17. P.O Multivitamin with/without zinc
18. P.O Vitamin C
Additional
19. P.O.Cefixime
20. P.O Amoxicillin+ Clavulanic Acid
21. P.O/Injection- Pantocid/Omeprazole