နေပြည်တော်၊ ဩဂုတ်- ၂၃
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံး ပြုရန်အတွက် တပ်မတော်သားများနှင့် စေတနာရှင်အလှူရှင်များက ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အလှူငွေများ ပေးအပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နှင့် စေတနာရှင် အလှူရှင်များကစုပေါင်းလှူဒါန်းသည့် Mask ၉၅၀၀ ခု၊ PPE Level – 2 ဝတ်စုံ ၁၈၀ စုံ၊ ရေမလို လက်သန့်ဆေးရည် ၄၈ ဘူး၊ ပိုးသတ်ဆေးရည် ၅ ဘူး၊ အရက်ပြန် ၅ ဂါလန်ပုံး ၂ ပုံးနှင့် အလှူငွေကျပ် ၅ သိန်းတို့အား နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် အတွက် အဆိုပါမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ VITAMIN D3 ဆေးရည်များအား စေတနာရှင်အလှူရှင်များကလည်းကောင်း ပေးအပ်လှူဒါန်းကြရာ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြကြောင်း သတင်းရရှိသည်။