ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ဖယ်ခုံမြို့နယ် NLD ပါတီမှ ပီတယ်အောင် အပါအဝင် အကြမ်းဖက်သမား များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

Saturday, August 21, 2021 - 15:15

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များအတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည့် ဖယ်ခုံမြို့နယ် NLD ပါတီမှ ပီတယ်အောင် အပါအဝင် အကြမ်းဖက်သမား များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ ဩဂုတ်-၂၁

              အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်အတွက် လက်နက်/ခဲယမ်းများသယ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၌ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် ဖယ်ခုံ PDF အဖွဲ့၏ ထောက်ပံ့ပို့ဆောင်ရေးတာဝန်ခံ၊ ဖယ်ခုံ မြို့နယ် NLD ပါတီဝင် ပီတယ်အောင်၊ PDF အဖွဲ့ဝင်များဖြစ်သည့် လှိုင်ကြူး(ခ)စိုင်းလူ နှင့် မောင်နက်၊ PNLO နယ်မြေအတွင်းအကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် ဇင်သော်ဟိန်းနှင့် မောင်နို့တို့ ၅ ဦးကို ၎င်းတို့စီးနင်းလိုက်ပါလာသော မော်တော်ယာဉ် အပါအဝင် M-22 ၂ လက်၊ M-4 ၁ လက်၊ ပစ္စတို ၂ လက်၊ စုစုပေါင်း လက်နက်ငယ်       ၅ လက်၊ ကျည်မျိုးစုံ ၄၂၅ တောင့်၊ ကျည်အိမ် ၁၄ ခုနှင့် ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

              ဖမ်းဆီးရမိသူ ပီတယ်အောင်၏ ထွက်ဆိုချက်အရ PDF အကြမ်းဖက်အဖွဲ့ အတွက် ပြည်ပမှ ထောက်ပံ့ငွေများကို တရားမဝင် လက်ခံ/လွှဲပြောင်းပေးနေသူ မျိုးမြတ်လင်း(ခ)ဖိုးပြဲကို ဩဂုတ်လ ၅ ရက်တွင် ငွေသွင်း/ထုတ်မှတ်တမ်းစာအုပ် ၅ အုပ် နှင့်အတူ ညောင်ကုန်း(၅)ရပ်ကွက်၊ ဖယ်ခုံမြို့ရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပီတယ်အောင်သည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် CRPH အဖွဲ့ဝင်၊ NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ ညောင်ရွှေမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နေမျိုး၏ စေခိုင်းချက်အရ မတ်လအတွင်း NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ ဖယ်ခုံမြို့နယ်၊ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း အန်းဂျေလို အပါအဝင် ၁၆ ဦးဖြင့် ဖယ်ခုံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ ထို့နောက် PDF ဖွဲ့စည်းနိုင်ရေး အတွက် ဧပြီလနှင့် မေလတို့တွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ ကယန်း အမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူး နှင့် ချိတ်ဆက်၍ မိုးဗြဲမြို့နယ်နှင့် ဖယ်ခုံမြို့နယ်တို့မှ အစွန်းရောက်လူငယ်များကို KNPP ဌာနချုပ်၊ ဉာဏ်မူကုန်းတွင် အကြမ်းဖက်သင်တန်း များတက်ရောက်စေခဲ့ပြီး ဖယ်ခုံမြို့နယ် PDF အဖွဲ့နှင့် မိုးဗြဲ PDF အဖွဲ့ကို ဖွဲ့စည်း ခဲ့ကြောင်း သိရှိရသည်။

              မေလ ၂၃ ရက်တွင် ဖယ်ခုံ PDF အကြမ်းဖက်အဖွဲ့ဝင်၊ NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ ဖယ်ခုံမြို့နယ်၊ အမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း အန်းဂျေလို ခေါင်းဆောင်၍ KNPP လက်နက်ကိုင်အဖွဲ့နှင့် ပူးပေါင်းကာ မိုးဗြဲနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

              ထို့အပြင် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် PDF အဖွဲ့များ ဖွဲ့စည်းပြီးနောက် ပီတယ်အောင်သည် လက်နက်/ခဲယမ်းများ ဝယ်ယူရန်အတွက် တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာထောက်ပံ့ရေး ခေါင်းစဉ်ဖြင့် ပြည်တွင်း/ ပြည်ပရှိ ကရင်နီလူမျိုးများထံမှ ရရှိသောထောက်ပံ့ငွေများကို အသုံးပြု၍ လက်နက်/ ခဲယမ်းများ ဝယ်ယူခဲ့ပြီး ကျေးသီးမြို့နယ်၊ NLD ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ လင်းထွန်းနှင့် ချိတ်ဆက်ကာ လက်နက်/ခဲယမ်းများ ထပ်မံဝယ်ယူရန် စီစဉ်ခဲ့ကြောင်း သိရှိရသည်။

              ဇူလိုင်လ ၂၈ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် NUG မှ ခင်မမမျိုး ဦးဆောင်ပြုလုပ်သည့် Zoom Meeting ကို နိုင်ကောင်းရွက်၊ NLD ပါတီမှ ၂၀၁၅ ခုနှစ် ညောင်ရွှေ မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း နေမျိုး၊ NLD ပါတီမှ ၂၀၁၅ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၁) ကိုယ်စားလှယ်ဟောင်း ကျော်မြင့်ဦး၊ NLD ပါတီမှ ၂၀၁၅ ခုနှစ် ပျဉ်းမနားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း သန်းစိုးအောင်၊ ဒီးမော့ဆိုမြို့နယ် NLD ပါတီဝင် ကော်ဖရီခင်ဦးတို့နှင့်အတူ တက်ရောက်ဆွေးနွေးခဲ့ပြီး ခင်မမမျိုးက မြို့နယ် အလိုက် PDF အဖွဲ့များ ဖွဲ့စည်း၍ မြို့ကြီးများအားတိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောက်ကျားစစ်နှင့် မြို့ပြ တိုက်ပွဲဆင်နွှဲနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

              NUG အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏  နယ်မြေ များတွင် အခြေခံနယ်မြေတစ်ခုရရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်စီးစေရေး ရည်ရွယ် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။     

              ဖမ်းဆီးရမိသူ လှိုင်ကြူး၏ ထွက်ဆိုချက်အရ ၎င်းသည် ဖယ်ခုံမြို့နယ် အရှေ့ခြမ်း PDF အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ လက်နက်/ခဲယမ်းများကို ထိုင်းနိုင်ငံမှဝယ်ယူ၍ မြဝတီလမ်းကြောင်းမှတစ်ဆင့် သယ်ဆောင်ခဲ့ကြောင်း၊ ဇူလိုင်လ ၃၀ ရက်တွင် ပီတယ်အောင်နှင့်အတူ နမ့်စန်မြို့တွင် လက်နက်/ခဲယမ်းများသွားရောက် ဝယ်ယူရန်အတွက် PNLO အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိ ငြိမ်းကျော်ဌေးကို လုံခြုံရေး အကူအညီပေးရန် တောင်းခံခဲ့သဖြင့် မောင်နို့နှင့် ဇင်သော်ဟိန်းအား ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

              မောင်နို့နှင့် ဇင်သော်ဟိန်းတို့သည် ၂၀၂၁ ခုနှစ် မေလတွင် PNLO အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး PNLO ဌာနချုပ်တွင် စစ်သင်တန်းတက်ရောက်ခဲ့ကြောင်း၊ ထိုသို့ တက်ရောက်စဉ် PNLO ဌာနချုပ်၌ အစွန်းရောက်လူငယ်များအား အကြမ်းဖက်သင်တန်း များသင်ကြားပို့ချလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG မှ ဩဂုတ်လအတွင်း ရိက္ခာနှင့် လက်နက်/ခဲယမ်းများ ထောက်ပံ့ပေးအပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

              သို့ဖြစ်ပါ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားအောင် အဖျက်အမှောင့်လုပ်ငန်းများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်မည့်သူများအား ကြိုတင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ဖမ်းဆီးရမိသူ ၆ ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးသီးမြို့နယ်၊ NLD ပါတီ အောင်နိုင်ရေးဥက္ကဋ္ဌ လင်းထွန်း အပါအဝင် ဆက်စပ်သူ များအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင် ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။