အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့် ဆက်စပ်ပစ္စည်းများ(ဒုတိယအသုတ်)အဖြစ် ရောက်ရှိ

Friday, August 20, 2021 - 16:30

 

နေပြည်တော်၊ ဩဂုတ်- ၂၀

အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့်ဆက်စပ်ပစ္စည်းများသည် ဒုတိယအသုတ်အဖြစ် Biman  Bangladesh   Airlines မှ အထူးကုန်တင်လေယာဉ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ အဆိုပါဆေးနှင့်ဆေးပစ္စည်း များကို  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Saurabh  Kumar နှင့် သံရုံးမှ တာဝန်ရှိသူများက လက်ခံရယူပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်သန်းထွန်းနှင့် ဆေးသုတေသန မှ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်သည်။

ထိုသို့ရောက်ရှိလာသော ဆေးနှင့်ဆေးပစ္စည်းများတွင် Long  Surgical Glove (Elbow) ၅၀၀၀၀ ခု၊ Examination  Gloves  ၁၅၀၀ ခု၊ Digital  BP  Cuff ၅၇၀ ခု၊ Protable  X-ray  100 MA ၁ ခု၊ Mask ၁၄၄၀၀ ခု၊ Rapid  Antigen  Test Kit  ၂၀၀၀ ခု၊ High-Flow  Nasal  Cannula (HFNC) ၁၀၀ ခု၊ Body  Bed  ၂၉၂ ခု၊ PPE ဝတ်စုံ ၁၂၄၀ စုံ၊ Pulse  Oximeter (Finger Tip)  ၃၀၀ ခု၊ Oxygen  Concentrator ၂၄ လုံး၊ Apron ၁၆၀၀ ခု၊ Empty  Oxygen  Cylinder ၄၀၀ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများ စုစုပေါင်းတန်ချိန်   ၄၀ ကျော်ပါဝင်ပြီး ၎င်းတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဒဂုံမြို့နယ် စကားဝါလမ်းရှိ ဗဟိုဆေးသို လှောင်ရေးဌာနသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။