နေပြည်တော်၊ ဩဂုတ်- ၂၀
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ တောင်နန်ချွန်ကျေးရွာ၌ ထာဝရသုခ အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက Oxygen Plant စက်ရုံ ကမ္ဗည်းမော်ကွန်းဆိုင်းပုဒ်ကို အမွှေးနံ့သာရည်များ ပက်ဖြန်း၌ အောက်ဆီဂျင် စက်ရုံကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် စေတနာရှင် အလှူရှင်များက Oxygen Plant စက်ရုံလည်ပတ်ထုတ်လုပ်နေမှုများကို လိုက်လံကြည့်ရှုကြသည်။
အဆိုပါ Oxygen Plant စက်ရုံကို ရေတာရှည်မြို့နယ်မှ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေကျပ်သိန်း ၁၃၀၀ ဖြင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး PSA Oxygen Generator အမျိုးအစားဖြစ်ကာ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၇၂ အိုး ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။