ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်၊ ပြည်နယ်စည်ပင်ရုံးဝင်း အတွင်း၌ တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ် နေပြည်တော်၊ ဩဂုတ်- ၁၈

Wednesday, August 18, 2021 - 15:00

ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်၊ ပြည်နယ်စည်ပင်ရုံးဝင်း အတွင်း၌ တည်ဆောက် ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်လှစ်

နေပြည်တော်၊ ဩဂုတ်- ၁၈

        ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ကွက်သစ်၊ ပြည်နယ်စည်ပင်ရုံး ဝင်းအတွင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစက်ရုံ၌ ပြုလုပ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

         ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားပြီး အောက်ဆီ ဂျင်စက်ရုံဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်၊ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည့်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက စက်ရုံအတွင်း အောက်ဆီဂျင်ထုတ်လုပ်နေမှုအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

         အဆိုပါစက်ရုံကို ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းများတွင် အောက်ဆီဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဩဂုတ် ၁၃ ရက်တွင် စတင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စက်ရုံမှ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာ စလင်ဒါအိုး ၂၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။