နေပြည်တော်၊ နိုဝင်ဘာ - ၇
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သွားလာမှုကန့်သတ်ချက်များကြောင့် စားရေးအခက်အခဲမရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးကို တပ်မတော်သားများက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်လျက်ရှိသည်။
ထိုသို့ သွားရောက်ပေးအပ်ရာ နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၄၊ ၇၊ ၉၊ ၁၁၊ ၁၄၊ ၁၆၊ ၁၉၊ ၂၀၊ ၂၁၊ ၂၂၊ ၂၄)ရပ်ကွက်တို့မှ အိမ်ထောင်စု ၂၀၈၀၀ စု၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)တို့ရှိ အမှတ်(၅၊ ၆၊ ၁၅၊ ၁၆၊ ၁၈၊၂၀ )ရပ်ကွက်၊ ရွှေလင်ဗန်းကျေးရွာ၊ ရေဥက္ကန်ကျေးရွာနှင့် အလယ်ရွာကျေးရွာတို့မှ အိမ်ထောင်စု ၄၁၀၀၀ စုနှင့် လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာ(၂၇)ရွာတို့မှ အိမ်ထောင်စု ၅၀၀၀ စု၊ အိမ်ထောင်စု စုစုပေါင်း ၆၆၈၀၀ စုတို့အတွက် ဆန် ၈၃၅၀ အိတ်၊ ဆီ ၁၂၂၄၄ ဒသမ ၄၄ ပိဿာနှင့် ပဲ ၃၃၄၀၀ ပိဿာတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် ဒေသခံပြည်သူများ၏ လက်ဝယ် အရောက် သွားရောက်ပေးအပ်လှူဒါန်းကြသည်။
ယင်းသို့ ပေးအပ်လှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးသည်။ထိုသို့လှူဒါန်းမှုနှင့်ပတ်သက်၍ ပြည်သူများ၏စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်---