နိုင်ငံသားတိုင်းနှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်

Tuesday, December 22, 2020 - 05:45

“နိုင်ငံသားတိုင်းဟာ ဥပဒေပြဋ္ဌာန်းချက်များနဲ့အညီ စစ်ပညာသင်ကြားရန်နဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၆ မှာ ဖော်ပြထားပြီးဖြစ်တယ်။

မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ မြန်မာနိုင်ငံ ဟာ လူဦးရေများပြားတဲ့နိုင်ငံတွေနဲ့ နယ်နိမိတ် ထိစပ်တည်ရှိနေတာဖြစ်တယ်။ မိမိတို့နိုင်ငံ ဟာ အာဆီယံနှင့် တောင်အာရှဒေသအကြားမှာ ပေါင်းကူးပေးနိုင်တဲ့ ကုန်းတွင်းဆက် တံတားသဖွယ် တည်ရှိလျက်ရှိတယ်။ ပထဝီအနေအထားအရ၊ မဟာဗျူဟာအရ အချက်အချာကျတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တယ်။ ဒါ့ကြောင့် နိုင်ငံလွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ စစ်ပညာသင်ကြားရန်နဲ့ စစ်မှုထမ်းရန် နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ဆောင်ရမယ့် တာဝန်ဖြစ်တယ်။ ဒါ့ကြောင့် အမျိုးသမီးများဖြစ်သော်လည်း ကိုယ်တိုင်ဆန္ဒပြု စစ်မှုထမ်းဆောင်ဖို့ ဆောင်ရွက်ခဲ့ကြတဲ့ အတွက်လည်း ဂုဏ်ယူကြောင်း ပြောကြားလိုတယ်။ သတ်မှတ်အရွယ်ရောက် နိုင်ငံသူနိုင်ငံသားတိုင်း နိုင်ငံကာကွယ်ရေး အတွက် စစ်ပညာသင်ကြားရေး၊ ကာကွယ်ရေးတာဝန်ထမ်းဆောင်ရေး ဆက်လက်စည်းရုံး လုပ်ဆောင်သွားကြဖို့ မှာကြားလိုတယ်။”

 

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၇)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်)