ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်သားများက ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးသွားရောက်ထောက်ပံ့ပေးအပ်စဉ် ကြားသိရသည့်ဒေသခံပြည်သူများ၏ ဝမ်းသာပီတိစကားသံများ

Friday, November 6, 2020 - 06:45

 
နေပြည်တော်၊ နိုဝင်ဘာ - ၆

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့်  စားရေးအခက် အခဲမရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးကို နိုဝင်ဘာ ၅ ရက်တွင်တပ်မတော်သား များက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထိုသို့ သွားရောက်ပေးအပ်ရာ  ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အတွင်းရှိ အမှတ်(၄၊ ၆၊ ၇၊ ၈၊ ၁၀၊ ၁၂၊ ၁၈၊ ၂၃၊ ၂၆)ရပ်ကွက်တို့မှ အိမ်ထောင်စု ၂၆၀၀၀ စုနှင့် လှိုင်သာယာမြို့နယ်(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)တို့ရှိ အမှတ်(၁၊ ၃၊ ၅၊ ၈၊ ၁၀၊ ၁၁၊ ၁၂၊ ၂၂) ရပ်ကွက်၊ ညောင်ကျေးကျေးရွာ၊ ရှမ်းချောင်းကျေးရွာ၊ အပြင်ပဒံကျေးရွာတို့မှ အိမ်ထောင်စု ၅၂၀၀၀ စု၊ အိမ်ထောင်စု စုစုပေါင်း ၇၈၀၀၀ စုတို့အတွက် ဆန် ၉၇၅၀ အိတ်၊ ဆီ ၁၄၂၉၇ ဒသမ ၄ ပိဿာနှင့် ပဲ ၃၉၀၀၀ ပိဿာတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက တပ်မတော်မော်တော်ယာဉ်များဖြင့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ပေးအပ်လှူဒါန်းခဲ့ပါသည်။

ယင်းသို့ ပေးအပ်လှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ဝမ်းသာပီတိစကားသံများကို ယခုလိုကြားသိခဲ့ရပါသည်-

movies: