မကွေးလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းနှင့် လိုက်လံကြည့်ရှု

Tuesday, August 10, 2021 - 14:00

မကွေးလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားခြင်းနှင့် လိုက်လံကြည့်ရှု

နေပြည်တော် ဩဂုတ် ၁၀

              မကွေးလေတပ်စခန်းဌာနချုပ်ရှိ  အရာရှိ၊ စစ်သည်၊မိသားစုဝင်များအား ယနေ့ နေ့လည်ပိုင်းတွင် မကွေးလေတပ်စခန်းဌာနချုပ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က တွေ့ဆုံစကား ပြောကြားရာ မကွေးလေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တာဝန်ရှိသူများက တက်ရောက်ကြသည်။

              ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)က အားပေးစကားပြောကြားရာ လက်ရှိ နိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသည့် ကိုဗစ်-၁၉ ရောဂါအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ  ထုတ်ပြန်ထားသည့် စည်းကမ်းများ၊ လမ်းညွှန် ချက်များ၊ နိုင်ငံရေး ကိစ္စရပ်များ၊ လုံခြုံရေး ကိစ္စရပ်များ၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာ ကိစ္စများနှင့် ပက်သက်ပြီး ရှင်းလင်း ပြောကြားပြီး  မိသားစုဝင်များ လိုက်လံ အားပေးစကားပြောကြားနှုတ်ဆက်သည်။

              ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် တာဝန်ရှိသူများသည်  မကွေး လေတပ်စခန်းဌာနချုပ်ရှိ တပ်မတော်လေယာဉ်နှင့် လေယာဉ်ရုံများကို လိုက်လံ စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

              ဆက်လက်ပြီး မိသားစုဝင်များအား ထောက်ပံ့နိုင်ရေးအတွက် စိုက်ပျိုး မွေးမြူထားသည့် ဉစားကြက်ခြံ၊ အသားတိုးကြက်ခြံ၊ နို့စားနွားခြံ၊ ဆိတ်မွေးမြူ ရေးခြံ၊ DYL ဝက်မွေးမြူရေးခြံ၊ Green House စိုက်ပျိုးရေးခြံများအား လိုက်လံကြည့် ရှုရာ တာဝန်ခံအသီးသီးက ရှင်းလင်းဖြေကြားပြီး  ကာကွယ်ရေးဦးစီးချုပ်(လေ)မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။