ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ် ၂၂၄ / ၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၅ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၇ ရက်)
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊
ကုသနိုင်ရေးအတွက် အများပြည်သူအလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
အများပြည်သူအလုပ်ပိတ်ရက်အတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက သုံးကြိမ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို ဆက်လက်ထိန်းချုပ်ပြီး ပုံမှန်အခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိအား (ထူးခြားသည့်အခြေအနေအရ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်နှင့် ယင်း၏ လက်အောက်ခံ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များမှအပ) တစ်ဆက်တစ်စပ်တည်း အများပြည်သူအလုပ်ပိတ်ရက်အဖြစ် လွှဲပြောင်းနိုင်သည့် စာချုပ် စာတမ်းများအက်ဥပဒေပုဒ်မ ၂၅ အရ တိုးမြှင့်သတ်မှတ်ကြေညာလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး