စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား စစ်ဆေး နေပြည်တော်၊  ဩဂုတ် ၆

Friday, August 6, 2021 - 16:30

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများအား စစ်ဆေး

နေပြည်တော်၊  ဩဂုတ် ၆

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက် (၁၁:၀၀) နာရီတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်)၊ ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့ စီးပွားရေးဘဏ်နှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တို့သို့ သွားရောက်၍ ဘဏ်များ၌ ငွေသွင်း/ငွေထုတ် ဆောင်ရွက်နေမှုများ၊ အစိုးရ ဌာနအဖွဲ့အစည်းများသို့ လစာနှင့်အသုံးစရိတ်များ ထုတ်ပေးနေမှုများနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ် ဆေးပါသည်။ 

    ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) သို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဌာနအကြီးအကဲများနှင့်တွေ့ဆုံ၍ ဘဏ်လုပ်ငန်းဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တို့သို့ ဆက်လက်သွားရောက်ခဲ့ ပြီး၊ ဘဏ်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်မှုများကို ကြည့်ရှု့စစ်ဆေးခြင်း၊ လိုအပ်သည်များ အား လမ်းညွှန်မှာကြားခြင်း၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ 

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန