ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် Social Distancing စနစ်ဖြင့် ဌာနအကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းနှင့် ဟိုတယ်မန်နေဂျာများနှင့် ဝန်ထမ်းများအား တွေ့ဆုံ နေပြည်တော်၊ ဩဂုတ် (၆) ရက်

Friday, August 6, 2021 - 16:30

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် Social Distancing စနစ်ဖြင့် ဌာနအကြီးအကဲများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းနှင့် ဟိုတယ်မန်နေဂျာများနှင့် ဝန်ထမ်းများအား တွေ့ဆုံ
နေပြည်တော်၊ ဩဂုတ် (၆) ရက်
    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီး ဌာန၊ နီလာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဌာနတာဝန်ခံများ တက်ရောက်ခဲ့ကြ ပါသည်။ 

    ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က အမှာစကားပြောကြားသည်။ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ကို အသီသီး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖွင့်လှစ် လျက်ရှိသည့် Hotel Max  အစည်းအဝေးခန်းမ၌ ဧည့်သည်အများဆုံး လာရောက်တည်းခိုသော ဟိုတယ်များဖြစ်သည့် Hotel Max၊ The Amara Hotel၊ Hotel 101 ဟိုတယ်များမှ အထွေထွေ မန်နေဂျာများ၊ မန်နေဂျာများနှင့် ဝန်ထမ်းများအား COVID-19  ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက် နှင့်အညီ Social Distancing စနစ်ဖြင့် သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များအား ဆွေးနွေး ပြောကြားသည်။
    ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ မန်နေဂျာနှင့် ဝန်ထမ်းများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပြောကြားပြီး အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။