ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်သားများက ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးသွားရောက်ထောက်ပံ့ပေးအပ်စဉ် ကြားသိရသည့်ဒေသခံပြည်သူများ၏ ဝမ်းသာပီတိစကားသံများ

Thursday, November 5, 2020 - 06:45

နေပြည်တော်၊ နိုဝင်ဘာ - ၅

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက် နေသည့်ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့်  စားရေးအခက် အခဲမရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်အတွင်းရှိ

ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးကို နိုဝင်ဘာ ၄ ရက် တွင်တပ်မတော်သားများက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ သွားရောက်ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ရှိ အမှတ်(၄၊ ၇၊ ၁၁၊ ၁၃၊ ၁၄၊ ၁၅၊ ၁၇၊ ၁၉၊ ၂၀)ရပ်ကွက်တို့မှ အိမ်ထောင်စု ၂၆၀၀၀ စုနှင့် လှိုင်သာယာမြို့နယ်(အရှေ့ပိုင်းနှင့် အနောက်ပိုင်း)ရှိ အမှတ် (၂၊ ၄၊ ၇၊ ၁၃၊ ၁၄၊ ၁၆)ရပ်ကွက်၊ ကစင်ကျေးရွာ၊ ရှမ်းချောင်းကျေးရွာနှင့် အတွင်း ပဒံကျေးရွာအုပ်စုတို့မှ အိမ်ထောင်စု ၂၉၂၀၀ စု၊ အိမ်ထောင်စု စုစုပေါင်း ၅၅၂၀၀ စုတို့အတွက် ဆန် ၆၉၀၀ အိတ်၊ ဆီ ၁၀၁၁၈ ဒသမ ၁၆ ပိဿာနှင့် ပဲ ၂၇၆၀၀ ပိဿာတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက တပ်မတော်မော်တော် ယာဉ်များဖြင့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ပေးအပ် လှူဒါန်းခဲ့သည်။

ယင်းသို့ ပေးအပ်လှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများ၏ဝမ်းသာပီတိစကားသံများကို ယခုလိုကြားသိခဲ့ရပါသည်-

movies: