တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
နေပြည်တော်၊ ဩဂုတ်- ၄
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်ပေါင်း ၇ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၅၉၂၆ ဦးတို့အား လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၄ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူ များနှင့် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၄၇၆ ဦးတို့အား လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၇၆၉ ဦးအား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်ပေါင်း ၉ မြို့နယ်မှ သံဃာတော်များ၊ သာသနနွယ်ဝင် သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့်ပြည်သူစုစုပေါင်း ၁၁၂၉၂ ဦးအားလည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း မြို့နယ်ပေါင်း ၃ မြို့နယ်မှ သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၁၀၈၆ ဦးအား လည်း ကောင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၆ မြို့နယ်တို့မှ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များနှင့် ပြည်သူ စုစုပေါင်း ၁၁၇၀၀ ဦးတို့အား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၁၀ မြို့နယ်မှ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၅၀၈၈ ဦးတို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၅ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အကျဉ်းသား၊ အကျဉ်းသားစုစုပေါင်း ၁၁၀၀ ဦးတို့အား လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အကျဉ်းသား၊ အကျဉ်းသား စုစုပေါင်း ၈၁၅၂ ဦးတို့အား လည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၈၆၆၀ ဦးတို့ အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၉ မြို့နယ်မှ သံဃာတော်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူ စုစုပေါင်း ၈၆၇၇ ဦးတို့ အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုရှိ မြို့နယ်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် တိုင်းရင်းသား ပြည်သူစုစုပေါင်း ၅၅၈၃ ဦးတို့အား လည်း ကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၁၀၈၀၀ ဦးတို့အား လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ ့ဝန်ထမ်းနှင့်အတူ ပူးပေါင်းကာ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးကြသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။