ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

Saturday, July 31, 2021 - 16:45

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်

၁။      COVID-19 ကာကွယ်ဆေးဝယ်ယူရန်နိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါ အတိုင်း ဖွင့်လှစ်ထားပါသည်-

(က)    COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)           ၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိ          ကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။

          (ခ)     COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာငွေစာရင်းအမှတ် OA 013733)

                    ၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေ ကျပ် သန်း ၁,၀၀၀ ကို  ထည့်သွင်းထားပါသည်။

၂။       သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ   COVID-19 ကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့် နိုင်ငံခြားငွေအမျိုး အစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

၃။      လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများ နှင့်အခြားပြည်တွင်း ပုဂ္ဂလိကဘဏ်အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်းအမှတ် များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။

၄။      အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည်စုံစွာ ဖော်ပြပေးပါရန်နှင့် အလှူငွေများထည့်သွင်းပြီးပါက email: treasury05@365mopf.gov.mm,treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။

၅။      လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင် ပါသည်။

          ညွှန်ကြားရေးမှူးချုပ်                                                 ၀၆၇-၃၄၁၀၁၅၆

          ငွေတိုက်ဦးစီးဌာန                                            ၀၉-၄၅၀၄၅၅၂၃၇

          ဒုတိယညွှန်ကြားရေးမှူးချုပ်                               ၀၆၇-၃၄၁၀၁၅၈

          ငွေတိုက်ဦးစီးဌာန                                            ၀၉-၂၅၄၅၅၈၄၂၄

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန