ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)
သို့ လှူဒါန်းနိုင်ရန် အသိပေးကြေညာချက်
၁။ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန်နိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund)ကို မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)တွင် အောက်ပါ အတိုင်း ဖွင့်လှစ်ထားပါသည်-
(က) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012)။ ၎င်းစာရင်းတွင် နိုင်ငံတော်မှ မတည်ရန်ပုံငွေ ကျပ် ၃၃၈ ဘီလီယံခန့်နှင့်ညီမျှသော အမေရိ ကန်ဒေါ်လာ သန်း ၂၅၀ ကို ထည့်သွင်းထားပါသည်။
(ခ) ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ(မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733)။
၎င်းစာရင်းတွင် နိုင်ငံတော်မှမတည်ရန်ပုံငွေ ကျပ် သန်း ၁,၀၀၀ ကို ထည့်သွင်းထားပါသည်။
၂။ သို့ဖြစ်ပါ၍ ကာကွယ်ဆေးဝယ်ယူရေးအတွက် ပြည်တွင်း/ ပြည်ပမှ ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)ရှိ COVID-19 ကာကွယ် ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (နိုင်ငံခြားငွေစာရင်းအမှတ် EDC 600012) သို့ မည်သည့် နိုင်ငံခြားငွေအမျိုး အစားကိုမဆို ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ (မြန်မာကျပ်ငွေစာရင်းအမှတ် OA 013733) သို့ မြန်မာကျပ်ငွေဖြင့် လှူဒါန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
၃။ လှူဒါန်းသူများအနေဖြင့် ပြည်တွင်းနေရာဒေသအသီးသီးရှိ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများ နှင့်အခြားပြည်တွင်း ပုဂ္ဂလိကဘဏ်အသီးသီးတို့တွင် အထက်အပိုဒ် ၁ (က) နှင့် (ခ) ပါ ငွေစာရင်းအမှတ် များကို ဖော်ပြလှူဒါန်းနိုင်ပါသည်။
၄။ အလှူရှင်စာရင်းကို မှတ်တမ်းထားရှိနိုင်ရန်အတွက် လှူဒါန်းသူများအနေဖြင့် အလှူရှင်အမည်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာတို့ကို ပြည်စုံစွာ ဖော်ပြပေးပါရန်နှင့် အလှူငွေများထည့်သွင်းပြီးပါက email: treasury05@365mopf.gov.mm,treasury10@365mopf.gov.mm သို့ အလှူငွေပေးသွင်းထားသည့် အထောက်အထားများကို ပေးပို့စေလိုပါသည်။
၅။ လှူဒါန်းလိုသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်း လှူဒါန်းနိုင် ပါသည်။
ညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၆
ငွေတိုက်ဦးစီးဌာန ၀၉-၄၅၀၄၅၅၂၃၇
ဒုတိယညွှန်ကြားရေးမှူးချုပ် ၀၆၇-၃၄၁၀၁၅၈
ငွေတိုက်ဦးစီးဌာန ၀၉-၂၅၄၅၅၈၄၂၄
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန