COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား၂၀၂၁ ခုနှစ်၊ဩဂုတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

Friday, July 30, 2021 - 13:30

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား၂၀၂၁ ခုနှစ်၊ဩဂုတ်လ ၃၁ ရက်နေ့အထိ

တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

၁။      COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကိုကာကွယ်ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီး သွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ် ချက်များအားလုံးကို ၃၁--၂၀၂၁ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ်ကြောင်း ၃၀-၆-၂၀၂၁ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီး ဖြစ်ပါသည်-

(က)မြန်မာနိုင်ငံသို့လာရောက်ကြသည့်ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍၁၅-၃-၂၀၂၀ရက်စွဲပါကြေညာချက်၊

(ခ)မြန်မာနိုင်ငံသို့လာရောက်ကြသည့်ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေးထပ်တိုးကန့်သတ်ချက်များနှင့်ဆိုက်ရောက်ဗီဇာနှင့်အီလက်ထရောနစ်ဗီဇာထုတ်ပေးခြင်းများအားယာယီရပ်ဆိုင်းမှုတို့နှင့်စပ်လျဉ်း၍၂၀-၃-၂၀၂၀ရက်စွဲပါကြေညာချက်၊

(ဂ)ကမ္ဘာ့နိုင်ငံအသီးသီးမှမြန်မာနိုင်ငံသို့လာရောက်ကြသည့်ခရီးသွားများအပေါ်ကြိုတင်ကာကွယ်ရေးထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍၂၄-၃-၂၀၂၀ရက်စွဲပါကြေညာချက်၊

(ဃ)ကမ္ဘာ့နိုင်ငံအသီးသီးမှမြန်မာနိုင်ငံသို့လာရောက်ကြမည့်နိုင်ငံခြားသားများအားဗီဇာကင်းလွတ်ခွင့်နှင့်လူမှုရေးဗီဇာအပါအဝင်မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆိုယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍၂၈-၃-၂၀၂၀ရက်စွဲပါကြေညာချက်။

၂။       COVID-19 ကူးစက်ရောဂါ ပြည်ပမှဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့် အစီအမံ များကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့်ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများ အားလုံးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။

၃။      သို့ရာတွင် အရေးပေါ် အစိုးရတာဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသောကိစ္စရပ်များကြောင့် ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေး လေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံးမြန်မာသံရုံး/ အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရန် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲ ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာကြရမည် ဖြစ်ပါသည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၂၁ခုနှစ်၊ဇူလိုင်လ၃၀ရက်