မန္တလေးမြို့၊ မြတောင်ဘုန်းကြီးကျောင်းတိုက်အတွင်း ခိုအောင်းနေသည့် ဖောက်ခွဲ ဖျက်ဆီးရေးတာဝန်ခံအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊ ဇူလိုင် - ၂၉

Thursday, July 29, 2021 - 18:45

မန္တလေးမြို့၊ မြတောင်ဘုန်းကြီးကျောင်းတိုက်အတွင်း ခိုအောင်းနေသည့် ဖောက်ခွဲ ဖျက်ဆီးရေးတာဝန်ခံအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဇူလိုင် - ၂၉
    နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ်ကြေညာထားသည့် CRPH ၊ NUGနှင့် PDF အဖွဲ့များသည် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများပြားလျက် ရှိသည့်အချိန်တွင် ပြည်သူလူထုအား အကြောက်တရားလွှမ်းမိုးနေစေရန်နှင့်   နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်ရည်ရွယ်၍ နိုင်ငံဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူလူထုအား နည်းမျိုးစုံအသုံးပြု၍ သတ်ဖြတ်ခြင်း၊ အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်းစသည့် လုပ်ရပ်များကို လူသားချင်းစာနာထောက်ထားမှုမရှိဘဲ လုပ်ဆောင်လျက်ရှိသည်။

    ထိုသို့လုပ်ဆောင်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု၏ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် လိုအပ်သည့် ဖမ်းဆီး ထိန်းသိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိရာ ယနေ့ညနပိုင်းတွင် မန္တလေးမြို့၊ မဟာ အောင်မြေမြို့နယ်၊ ၃၅ လမ်း/ ၈၅၊ ၈၆ လမ်းကြားရှိ မြတောင်ဘုန်းကြီး ကျောင်းတိုက်အတွင်း အကြမ်းဖက်သူများ ခိုအောင်းနေကြောင်း သတင်းအရ တိုက်အုပ်ဆရာတော်ဘုရားကြီးထံ လျှောက်ထားခွင့်ပန်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးအဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ဖောက်ခွဲရေးတာဝန်ခံ နေလဝင်း(ခ)နို့ဆီဘူး၊ ၃၇ နှစ်(ဘ)ဦးနေဝင်းအား ရှော့တိုက် လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်မိုင်းအကြီး ၄ တောင့်၊ အကြမ်းဖက် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းအများအပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ မြတောင်ဘုန်းကြီးကျောင်းတိုက်ဝန်းအတွင်းရှိ ဦးဩဘာသ ကျောင်း အား သတင်းအရ ရှာဖွေဖော်ထုတ်စစ်ဆေးခဲ့ရာ  Air Gun အတို ၁ လက်၊ လက်လုပ်မိုင်းအကြီး ၁၄ လုံးနှင့် ငွေကျပ်သိန်း ၂၅၀ အား ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့ပြီး တရားခံများအား ဉပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
မန္တလေးမြို့အတွင်းခိုအောင်းလျက်ရှိသော အကြမ်းဖက်အဖွဲ့များသည် မန္တလေး မြို့အတွင်း ဖောက်ခွဲဖျက်ဆီးမှုများကို ကြီးမားစွာပြုလုပ်နိုင်ရေး ကြံစည်လျက်ရှိပြီး ၎င်းတို့၏အဖျက်လုပ်ရပ်များဖြစ်ပွားမှုမရှိစေရေး၊ ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွား လာမှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝက်စွာ သတင်းပေးပို့ တိုင်ကြား နိုင်ပါကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ် ပြန်အပ်ပါသည်။