တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းလူမှုရေးပရဟိတအသင်းအဖွဲ့များအားတွေ့ဆုံ နေပြည်တော်၊ ဇူလိုင်- ၂၉

Thursday, July 29, 2021 - 17:45

တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းလူမှုရေးပရဟိတအသင်းအဖွဲ့များအားတွေ့ဆုံ
နေပြည်တော်၊ ဇူလိုင်- ၂၉
    ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း လူမှုရေးပရဟိတအသင်းအဖွဲ့များအား ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင်များ၊ တောင်ငူခရိုင်စီမံအုပ်ချုပ် ရေးကောင်စီဉက္ကဋ္ဌ ဦးမိုးဆက်နှင့်တာဝန်ရှိသူများက တောင်ငူမြို့၊ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးရှိ နတ်သျှင်နောင်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

    ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအားပေးစကားပြောကြားသည်။ ထို့နောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးလျက် ရှိသည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီအသင်းအဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်း လူမှုရေးပရဟိတအသင်းအဖွဲ့များအား Mask ၃၀ ဘူး။ Face Shield ၂၆ ခု၊ Surgical Glove ၂ ဘူး၊ Hand Jel ၁၀ ဘူးနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ စေတနာ့ဝန်ထမ်းပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများပြန်လည် ပြောကြားခဲ့ကြ ကြောင်း သတင်းရရှိသည်။