ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ နှင့် ဆေးဝါးပစ္စည်းများ လာရောက်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၈
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်အလှူရှင်များက ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဧည့်ရိပ်သာ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် စေတနာရှင် အလှူရှင်များဖြစ်ကြသည့် သောက်ရေခပ်(၂)ရေအားလျှပ်စက် ဓာတ် အားပေးစက်ရုံ၊ ရွှေစွမ်းအင်ကုမ္ပဏီမိသားစု၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်နေ ဦးကျော်စိုးလင်းနှင့် ဒေါ်လှလေးစိန်မိသားစုနှင့် စေတနာရှင်အလှူရှင် များက ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၅၆၅ သိန်းတန်ဖိုးရှိ အောက်ဆီဂျင် ၄၀ လီတာဆံ့ ၆၀ လုံး၊ PPE ဝတ်စုံ ၃၀၀ စုံ၊ ကျန်းမာရေး အထောက် အကူပြုပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများပေးအပ်လှူဒါန်းကြရာ တိုင်းမှူးက လက်ခံရယူပြီးဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။