ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး Oxygen Station တစ်ခု  တည်ဆောက်လျက်ရှိ

Tuesday, July 27, 2021 - 16:45

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အောက်စီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရေး Oxygen Station တစ်ခု  တည်ဆောက်လျက်ရှိ

နေပြည်တော် ဇူလိုင် ၂၇

          လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှု မြင့်တက်လျက်ရှိပြီး ပိုးတွေ့ လူနာများအတွက်လည်း အောက်စီဂျင်လိုအပ်ချက်များကို ပြည့်မီအောင် ပြည်တွင်းရှိစက်ရုံများမှ တိုးမြင့်ထုတ်လုတ်ခြင်း၊ ပြည်ပမှမှာယူတင်သွင်းခြင်း၊ စက်ရုံအသစ်များတိုးချဲ့တည်ဆောက်ခြင်း တို့ဖြင့်ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

          ထိုသို့ Oxygen စက်ရုံများတိုးချဲ့တည်ဆောက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သီလဝါ၊ ရေတပ်သင်္ဘောကျင်းဌာနချုပ်၌ တစ်ရက်လျင် ၄၀ လီတာအိုး (၄၀၀ ) လုံး ထုတ်လုတ်နိုင်သည့် Oxygen Station တစ်ခုကို ဇူလိုင် ၁၆ ရက်နေ့မှ စတင်ကာ နေဆိုင်း၊ ညဆိုင်းခွဲ၍ ဩဂုတ်လ အလယ်တွင်ဆောက်လုပ်ပြီးစီးနိုင်ရေး တည်ဆောက်လျက်ရှိ ကြောင်းနှင့် Oxygen ထုတ်လုတ်မည့်နည်းစနစ်မှာ လေတုတဲရှိလေကို Air Compressor ဖြင့်စုတ်ယူပြီး Per-Purification Unit ကို ဖြတ်သန်းစီးဆင်းကာ လေတဲတွင်ပါလာသော ကာဗွန်ဒိုင် အောက်ဆိုဒ်နှင့်အခြားဓာတ်ငွေ့များဖယ်ရှာစစ်ထုတ်ပေးပြီး ကျန်ရှိသောအောက်ဆီဂျင် ၊ နိုက်ထရိုဂျင်နှင့် အာဂွန်ဓာတ်ငွေ့များအား Fractionating Column သို့ပေးပို့ကာ ၎င်းမှ တဆင့် လိုအပ်သော Oxygenဓာတ်ငွေ့များအား ထုတ်ပေးသောစနစ်ဖြစ်ကြောင်း သတင်းရရှိသည်။