ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး၊ ဆေးရုံနှင့် စင်တာများ၊ ပရဟိတအဖွဲ့များအား အောက်ဆီဂျင်ထောက်ပံ့ပေးရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

Monday, July 26, 2021 - 17:15

 

နေပြည်တော်၊ ဇူလိုင်- ၂၆

         ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေး၊ ဆေးရုံနှင့် စင်တာများ၊ ပရဟိတအဖွဲ့များအား အောက်ဆီဂျင်ထောက်ပံ့ပေးရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ကောင်စီအဖွဲ့ ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်း၊ ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြ သည်။

         အစည်းအဝေးသို့ တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါများ ကူးစက်ပြန့်နှံ့မှု ထိန်းချုပ်ရေး၊ ဆေးရုံနှင့် စင်တာများ၊ ပရဟိတအဖွဲ့များအား အောက်ဆီဂျင်ထောက်ပံ့ပေးရေးနှင့် အခြားလိုအပ် ချက်များ ကူညီထောက်ပံ့ပေးနိုင်ရေး၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရေးအတွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။