နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ Mask များနှင့် အမရပူရမြို့နယ်၊ တပ်ကြီးကျေးရွာနေပြည်သူများအား ဆန်နှင့် စားသောက်ဖွယ်ရာများ ပေးဝေလှူဒါန်း

Monday, July 26, 2021 - 17:00

 

နေပြည်တော်၊ ဇူလိုင် - ၂၆

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လူစည်ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask  ၁၅၀၀ ခုတို့ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းပေးသည်။

အလားတူ ယနေ့နက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အမရပူရ မြို့နယ်၊ တပ်ကြီးကျေးရွာနေပြည်သူ အိမ်ထောင်စု ၂၀၀ စုတို့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက် ဖွယ်ရာများကို ပြည်သူများ၏ လက်ဝယ်အရောက် ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။