ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ်ညှိနှိုင်း အစည်းအဝေး ပြုလုပ်

Monday, July 26, 2021 - 06:30

 

နေပြည်တော်၊ ဇူလိုင်- ၂၆

         ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

         အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌများ၊ တာဝန်ရှိသူများက  Video Conferencing ဖြင့် တက်ရောက်ကြ သည်။

         ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး များရောက်ရှိမှုနှင့် ပြည်သူများသို့ အမြန်ဆုံးထိုးနှံပေးနိုင်ပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ ကာကွယ်ထိန်းချုပ်ကုသဆေးများနှင့် အခြားဆေးဝါး များရောင်းချမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် ဈေးနှုန်းများဖြင့်သာ ရောင်းချမှုရှိ စေရေးအတွက် စီမံဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စားကုန်ပစ္စည်းများနှင့် ပတ်သက်၍ အခက်အခဲမရှိစေရေး ကုန်ထုတ်လုပ်ငန်းများကို မည်သည့် ကန့်သတ် ချက်မျှ မထားရှိဘဲ ခွင့်ပြုပေးထားသည့် အခြေအနေများ၊ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်မျှော်တွေး၍ လုပ်ဆောင်နိုင်သည် မှန်သမျှကို လုပ်ဆောင်ရန်လိုအပ်သည့် အခြေအနေများ၊ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာကိစ္စရပ်များတွင် ဆက်လက်ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် ပတ်သက်၍  ဆက်လက်ဆွေးနွေးလျက်ရှိကြောင်းသတင်းရရှိသည်။