ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၏
ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ ဇူလိုင် လ ၂၄ ရက်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်၊ ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ် တို့၏ မဲစာရင်းများကို တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်စိစစ်ခဲ့ပြီး မြို့နယ်အသီးသီးရှိ မဲရုံတစ်ခုချင်း အလိုက် မဲပေးခဲ့မှု အခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင် ဖွင့်ဖောက်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး/ မဲရုံအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။
၂။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့၌ အောက်ပါအတိုင်း ပါဝင်ယှဉ်ပြိုင်/ ဆန္ဒမဲပေးခဲ့ကြပါသည်-
(က) ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွင် နိုင်ငံရေးပါတီ ၂၄ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၄၁၄၄ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၃၉၅၁၆၃၇ ဦး ရှိသည့်အနက် ၂၈၃၉၃၇၀ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၁.၈၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။
( ခ ) မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၃ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၄၅၄၈ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၃၃၁၀၁၃၂ ဦး ရှိသည့်အနက် ၂၅၇၇၅၆၀ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၇.၈၇ ရာခိုင်နှုန်းရှိခဲ့ပါသည်။
( ဂ ) ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်တွင် နိုင်ငံရေးပါတီ ၃၁ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၃၅၉၁ ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း ၃၆၃၄၂၈၃ ဦး ရှိသည့်အနက် ၂၄၂၁၃၄၈ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၆၆.၆၃ ရာခိုင်နှုန်း ရှိခဲ့ပါသည်။
(ဃ) ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်တွင် နိုင်ငံရေးပါတီ ၂၁ ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၅၇၄၈ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၄၆၈၁၁၅၂ ဦး ရှိသည့်အနက် ၃၅၄၁၉၃၃ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှု ရာခိုင်နှုန်း ၇၅.၆၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။
၃။ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၏ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၉၅၁၆၃၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၃၅၀၅၉၆၅ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၈၅၈၆၁၁ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၃၇၁၆၂ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၃၈၂၀၅၈ ဦး၊ တိုင်းဒေသကြီး အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်းထပ်နေသူ ၆၁၀၀၈ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၁၉၈၅ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၈၇၇ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
၄။ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွင် မဲရုံပေါင်း ၄၁၄၄ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၄၂၁၈၂၀ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၈၀၁၈၈၃ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၆၁၉၉၃၇ ၊ မြေပြင်လက်ကျန် ၁၅၃၆၁၃၂ ဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသောမဲလက်မှတ်အရေအတွက် ၁၅၁၈၆၇ ဖြစ်ပြီး၊ အပို တွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၆၈၀၆၂ ဖြစ်သည်။
၅။ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်၏ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၃၁၀၁၃၂ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၃၀၄၂၆၇၄ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၁၇၂၉၇၆ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၃၃၉၅၆ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၃၉၇၅၀၄ ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်းထပ်နေသူ ၄၅၂၄၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၁၅၆၇ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၆၅၀ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
၆။ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်တွင် မဲရုံပေါင်း ၄၅၄၈ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၃၈၂၀၅၆၁ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၅၅၁၆၈၁ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၂၆၈၈၈၀ ၊ မြေပြင်လက်ကျန် ၁၁၉၀၅၃၃ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၈၆၈၇၂ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၈၅၂၅ ဖြစ်သည်။
၇။ ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်၏ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၃၆၃၄၂၈၃ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၃၀၅၅၅၉၇ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၆၁၆၅၃၁ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၂၂၆၉၇ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၃၀၉၂၄၈ ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check) အရ မဲစာရင်း ထပ်နေသူ ၆၉၀၅၄ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၂၅၉၇ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၁၉၉၆ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
၈။ ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်တွင် မဲရုံပေါင်း ၃၅၉၁ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၄၀၂၃၁၉၄ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၂၃၉၉၂၂၅၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၆၂၃၉၆၉၊ မြေပြင်လက်ကျန် ၁၅၇၄၉၀၇ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၉၆၆၆၆ ဖြစ်ပြီး၊ အပို တွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၄၇၆၀၄ ဖြစ်သည်။
၉။ ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်၏ ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၄၆၈၁၁၅၂ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၄၄၁၆၇၆၆ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၇၀၆၉၈၄ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၅၄၂၈၅ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၅၆၇၃၀၀ ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check) အရ မဲစာရင်းထပ်နေသူ ၃၉၇၄၂ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်း တွင် ပါဝင်နေသူ ၂၇၀၇ ဦး၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၃၃၃၉ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
၁၀။ ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်တွင် မဲရုံပေါင်း ၅၇၄၈ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၅၂၃၈၂၀၅ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၃၄၇၉၈၆၉၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၇၅၈၃၃၆၊ မြေပြင်လက်ကျန် ၁၆၄၁၃၄၁ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၁၈၂၇၁၉ ဖြစ်ပြီး၊ အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၆၅၇၂၄ ဖြစ်သည်။
၁၁။ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ မဲဆန္ဒရှင်စာရင်းများနှင့် ပြည်သူ့လွှတ်တော်ဆန္ဒမဲ လက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
စဉ် |
တိုင်း/ ပြည်နယ် |
ပြည်သူ့လွှတ်တော် |
အမျိုးသားလွှတ်တော် |
တိုင်း/ပြည်နယ် |
တိုင်းရင်းသား |
မြို့နယ် |
မဲရုံ ပေါင်း |
မြို့နယ် စာရင်း |
လဝက လူဦးရေ |
ထုတ်ယူရရှိ ဆန္ဒမဲ လက်မှတ် |
အသုံးပြု ဆန္ဒမဲ လက်မှတ် |
ကျန်ရမည့် လက်မှတ် |
မြေပြင် ဆန္ဒမဲ လက်မှတ် |
ဆန္ဒမဲလက်မှတ် ကွာခြားချက် |
|||||
မဲဆန္ဒနယ် |
ယှဉ်ပြိုင် |
မဲဆန္ဒနယ် |
ယှဉ်ပြိုင် |
မဲဆန္ဒနယ် |
ယှဉ်ပြိုင် |
မဲဆန္ဒနယ် |
ယှဉ်ပြိုင် |
ပျောက်ဆုံး |
အပို |
||||||||||
၁ |
ပဲခူး |
28 |
124 |
၁၂ |
42 |
56 |
262 |
1 |
7 |
28 |
4144 |
3951637 |
3505965 |
4421820 |
2801883 |
1619937 |
1536132 |
151867 |
68062 |
၂ |
မကွေး |
25 |
110 |
၁၂ |
49 |
50 |
222 |
1 |
10 |
25 |
4548 |
3310132 |
3042674 |
3820561 |
2551681 |
1268880 |
1190533 |
86872 |
8525 |
၇ |
ရှမ်း |
49 |
235 |
12 |
68 |
98 |
498 |
7 |
36 |
49 |
3591 |
3634283 |
3055597 |
4023194 |
2399225 |
1623969 |
1574907 |
96666 |
47604 |
၈ |
ဧရာဝတီ |
26 |
126 |
12 |
44 |
52 |
272 |
2 |
9 |
26 |
5748 |
4681152 |
4416766 |
5238205 |
3479869 |
1758336 |
1641341 |
182719 |
65724 |
၁၂။ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၇- ၁၁- ၂၀၁၇ ရက်စွဲပါ ကြေညာချက် အမှတ်(၃၂/ ၂၀၁၇) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။ ယင်းနောက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၄- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ် (၃၃/၂၀၁၇)နှင့် ၆-၁၂-၂၀၁၇ ရက်စွဲပါကြေညာချက်အမှတ်(၃၄/၂၀၁၇)တို့ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် NLD ပါတီ အမာခံများ ထည့်သွင်း၍ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်များကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
၁၃။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄- ၈- ၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၇ / ၄၆၄- အထွေထွေ/ အဖရ (၂၀၂၀) ဖြင့် ညွှန်ကြားချက်အရ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်များ ဦးဆောင်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ယင်းအဖွဲ့ကြောင့်ပင် လူဦးရေ စာရင်းများထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ် နှင့်အထက် ပါဝင်မှုများဖြစ်ပွားခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းများ ကျန်ရှိသေးကြောင်း ထပ်မံပေးပို့လာသည့် စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအနေဖြင့် မဲဆန္ဒရှင်စာရင်းများတွင် ထပ်မံထည့်သွင်းခဲ့ရကြောင်း တွေ့ရှိရသည်။ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရပ်ကွက်/ ကျေးရွာအုပ်စု) တို့မှ အောက်ခြေတွင် သေချာစွာ စိစစ်ခြင်းမရှိဘဲ ထပ်မံပေးပို့လာသည့် လူဦးရေစာရင်းများကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီးသူများ ထပ်မံပါဝင်လာသဖြင့် မဲစာရင်းများ ဖောင်းပွခြင်း၊ ထပ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
၁၄။ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မဲစာရင်းများပြုစုရန်အတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့က အဓိက ဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရသည်။ ယင်းသို့ စာရင်းများ ကောက်ယူရာတွင် ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေးပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ် စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၆) မဲစာရင်းပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာမဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်း ပါဝင်ခြင်း မရှိစေရ” ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများ ကောက်ယူရာတွင် ဥပဒေနှင့်ညီညွတ်ခြင်း မရှိသော မှားယွင်းမှုများကိုတွေ့ရှိရသည်။ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှ ပယ်ဖျက်ရမည် ဟု ပြဋ္ဌာန်းထားသော်လည်း ပယ်ဖျက်ခြင်းမရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
၁၅။ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက် ရွေးကောက်ပွဲနေ့မတိုင်မီ ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများ ကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များ ပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့်မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးရန် အသိပေးကြေညာချက်ကို ၈- ၁၀- ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာ ဆောင်ရွက်ခဲ့သည်။ ယင်း ညွှန်ကြားချက်များကြောင့် မဲစာရင်းများ ထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ အစုလိုက် အပြုံလိုက် မဲစာရင်းတွင်ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။
၁၆။ မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေးအတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၁၉- ၈- ၂၀၂၀ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင် သက်သေခံ လက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့် အထက် မဲစာရင်းတွင် ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ်တံဆိပ်တုံးများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ် မပါရှိသည့် အမှန်ခြစ် တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို တွေ့ရှိပါကလည်း ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့ သဖြင့် မဲရလဒ်များ မှန်ကန် မျှတမှု မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။
၁၇။ မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုးမဟုတ်ဘဲ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းကြောင့်သာဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ မဲစာရင်း ကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲ ပေးခြင်းစသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် NLD ပါတီအနေဖြင့် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုလုပ်၍ ဝင်ရောက် စွက်ဖက် မလျော်ဩဇာအသုံးပြုကာ မသမာမှုများဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် အခြားနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအားလုံးကို COVID - 19 ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်/ တားမြစ်ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍လည်းကောင်း ကန့်သတ်ထိန်းချုပ်၍ နိုင်ငံတော်အာဏာကို မတရားရယူနိုင်ရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက် ဆောင်ရွက်ခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိရသည်။
၁၈။ အထက်ပါ စစ်ဆေးတွေ့ရှိချက်များအရ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ကျင်းပ ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ/ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စိစစ်တွေ့ရှိရသည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ပေါ်လွင်ထင်ရှားပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၊ မကွေးတိုင်းဒေသကြီး မြို့နယ် ၂၅ မြို့နယ်၊ ရှမ်းပြည်နယ် မြို့နယ် ၄၉ မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး မြို့နယ် ၂၆ မြို့နယ်တို့၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခဲ့သော ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်