မကွေးတိုင်းဒေသကြီး၊ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာအနီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ သင်တန်းဆင်းပွဲပြုလုပ်နေမှုအပေါ် လေကြောင်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်
နေပြည်တော်၊ ၂၀၂၆ နိုဝင်ဘာလ ၂၉ ရက်
ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာအနီး သရက်ခရိုင်၊ PDF အကြမ်းဖက် တပ်ရင်း(၅)မှ ဦးဆောင်၍ နိုဝင်ဘာလ ၂၆ ရက်တွင် သင်တန်းဆင်းပွဲပြုလုပ်ရန်ရှိ ကြောင်း ဒေသခံတို့၏ သတင်းပေးပို့လာမှုအရ PDF အကြမ်းဖက်စခန်းအား ၂၆ ရက် ညနေ ပိုင်းတွင် လေကြောင်းမှတိုက်ခိုက်ချေမှုန်းခဲ့မှုအား အကြမ်းဖက်အားပေး မီဒီယာများက စာသင်ကျောင်းအား အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ပြည်သူ များသေဆုံးခဲ့သည်ဟူ၍ ဝါဒဖြန့်လျက်ရှိရာ ပြည်ပမီဒီယာကြီး အချို့အနေဖြင့် ခိုင်လုံမှုမရှိသော ၎င်းသတင်းများကို ကိုးကား၍ ထုတ်လွှင့်ဖော်ပြ လျက်ရှိကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်အနေဖြင့် မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာ၌ နိုဝင်ဘာလ ၂၆ ရက်တွင် သရက်ခရိုင် PDF အကြမ်းဖက် တပ်ရင်း(၅)မှ ဖွင့်လှစ် ထားသည့် PDF အကြမ်းဖက် သင်တန်းအား သင်တန်းဆင်းပွဲပြုလုပ်မည်ဖြစ် ကြောင်း တာဝန်သိပြည်သူတစ်ဦး၏ လျှို့ဝှက်စွာ သတင်းပေးပို့လာမှုအရ သတင်း ခိုင်လုံမှုရှိစေရေး တပ်မတော်အနေဖြင့် လေကြောင်းကင်းထောက်မှုကို စနစ်တကျ ဆောင် ရွက်ခဲ့ပြီး အတည်ပြုနိုင်သည့် အချက်အလက်များရရှိသဖြင့် နိုဝင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် အဆိုပါ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ စုဝေးရာနေရာသို့ လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ပြီးချိန်တွင် သတင်း ပေးပို့လာမှုများအရ သရက်ခရိုင် PDF အကြမ်းဖက် တပ်ရင်း(၅)မှ ခေါင်း ဆောင်များဖြစ်သည့် တောကျီးကန်း၊ ချာလီနှင့် သောင်းသောင်းတို့အပါအဝင် အဖွဲ့ဝင် အများအပြား သေဆုံးခဲ့ကြောင်း၊ PDF အကြမ်းဖက် တပ်ရင်း(၅)မှ တပ်စုမှူးအဆင့်ရှိသူ အာရာဖတ် အပါအဝင် ဒဏ်ရာရသူများကို အောင်လံမြို့နယ်၊ မွှန်းစကျေးရွာသို့ ပို့ဆောင်၍ ဆေးကုသလျက်ရှိကြောင်း သိရှိရ သည်။
ထပ်မံပေးပို့လာသော သတင်းများအရ အဆိုပါဖြစ်စဉ်ကို သရက်ခရိုင် PDF အကြမ်းဖက် တပ်ရင်း(၅)မှ တပ်ခွဲမှူးအဆင့်ရှိသူ ကိုလင်းနှင့် အင်ရုံကျေးရွာမှ ကျောင်းဆရာ သန်းတိုးအောင်တို့အနေဖြင့် စာသင်ကျောင်းတွင် ကထိန်ပွဲပြုလုပ်ရန် အကတိုက်နေစဉ် တပ်မတော်က လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားရန်၊ ထိခိုက်ဒဏ်ရာရသူများကိုလည်း စာသင်ကျောင်းတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားရန်၊ ပညာရေးမှူးရုံးမှဆက်သွယ်၍ မေးမြန်းလာ လျှင် အမှန် အတိုင်းမပြောဘဲ စာသင်ကျောင်းမှကထိန်ပွဲအား တပ်မတော်က လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားရန်နှင့် အခြားမြို့နယ် များမှ PDF များနှင့် NUG(MOD)ထံသို့လည်း အမှန်အတိုင်းမပြောဘဲ ဖုံးကွယ်ထား ရန် ဆွေးနွေးပြောဆိုခဲ့ကြသည်ဟု သိရှိရသည်။
ထို့အပြင် အင်ရုံကျေးရွာ စာသင်ကျောင်းမှ ဆရာ၊ ဆရာမများကို နိုဝင်ဘာလ ၃၀ ရက်တွင် ဆင်ပေါင်ဝဲမြို့သို့လာရောက်ရန် ပညာရေးမှူးရုံးမှခေါ်ယူထားသည်ဟု သိရှိရကြောင်း၊ သွားရောက်မည့် ဆရာ၊ဆရာမများကိုလည်း ဖြစ်စဉ်အမှန် ပြောကြား ခြင်းမပြုရန် မှာကြားထားကြောင်း သိရှိရသည်။
ဖြစ်စဉ်တွင် အကြမ်းဖက်မှုကိုမလိုလားသော တာဝန်သိပြည်သူတို့၏ သတင်း ပေးပို့မှုကို တပ်မတော်အနေဖြင့် အပြစ်မဲ့ပြည်သူများထိခိုက်မှုမရှိစေရေး လေကြောင်း ကင်းထောက်မှုကို စနစ်တကျပြုလုပ်ကာ သတင်းမှန်ကန်မှုအား အတည်ပြု၍ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ စုဝေးသည့်နေရာသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး အပြစ်မဲ့ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်အဖွဲ့ဝင် များသာ ထိခိုက်သေဆုံးခဲ့သည်ကို တာဝန်သိပြည်သူတို့၏ သတင်းပေးပို့မှုအရ သိရှိ ရသည်။
ပြည်ဖျက်မီဒီယာများအနေဖြင့် အဆိုပါဖြစ်စဉ်အပေါ် တပ်မတော်က စာသင် ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အကတိုက်နေစဉ် လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သေဆုံးခဲ့ ကြောင်း မဟုတ်မမှန် ဝါဒဖြန့်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ၎င်းတို့၏ မဟုတ် မမှန် ဝါဒဖြန့်မှုများအပေါ် သတင်းမှန်သိရှိနိုင်ရန်နှင့် တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး ( Counter - Terrorism Operation ) ကို (Rules of Engagement – ROE )နှင့်အညီ လိုအပ်သလို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့